Biblia Todo Logo
ကျမ်းစာ အပိုဒ်များ
- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

97 ကျမ်းပိုဒ်များ - ဆင်းရဲသူဆင်းရဲသားများအပေါ် ချစ်ခြင်းမေတ္တာ

97 ကျမ်းပိုဒ်များ - ဆင်းရဲသူဆင်းရဲသားများအပေါ် ချစ်ခြင်းမေတ္တာ


သုတ္တံကျမ်း။ 19:17

ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။

ဟေ​ရှာ​ယ 1:17

သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

ဟေ​ဗြဲ 13:16

သင်​တို့​သည်​အ​ချင်း​ချင်း​အား​ကျေး​ဇူး​ပြု ရန်​နှင့်​ကူ​ညီ​မ​စ​ရန်​မ​မေ့​ကြ​နှင့်။ ထို​သို့ သော​ယဇ်​များ​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။

ရော​မ 12:13

ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။

သုတ္တံကျမ်း။ 28:27

ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။

တမန်တော်ဝတ္ထု 20:35

ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။

သုတ္တံကျမ်း။ 31:20

ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။

လုကာ 6:38

သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ​ပေး​ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ရက် ရော​စွာ​ပေး​တော်​မူ​လိမ့်​မည်။ သိပ်​နှိပ်​လှုပ်​ခါ ပြည့်​လျှံ​သော​တောင်း​ပ​မာ​ဏ​ဖြင့်​သင်​တို့​၏ လက်​ထဲ​သို့​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် သူ​တစ်​ပါး​အား​ချိန်​တွယ်​ပေး​သည့်​တောင်း ပ​မာ​ဏ​အ​တိုင်း​ဘု​ရား​သ​ခင်​သည်​သင်​တို့ အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

တ​ရား​ဟော 15:11

သင်​တို့​တွင်​ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​မြဲ​ရှိ​နေ​မည်။ ထို့​ကြောင့် သူ​တို့​အား ရက်​ရော​စွာ​ပေး​ကမ်း​ရန်​ငါ​ပ​ညတ် ၏။''

ဆာ​လံ 41:1

ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။

မဿဲ 5:42

တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။

မဿဲ 25:35-36

သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။- ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။''

သုတ္တံကျမ်း။ 14:31

ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

လုကာ 3:11

ထို​အ​ခါ​ယော​ဟန်​က ``အင်္ကျီ​နှစ်​ထည်​ရှိ​သူ​သည် အင်္ကျီ​မ​ရှိ​သူ​အား​တစ်​ထည်​ဝေ​မျှ​စေ။ စား​သောက် စ​ရာ​ရှိ​သူ​သည်​လည်း​ထို​နည်း​တူ​ဝေ​မျှ​စေ'' ဟု ပြန်​ပြော​၏။

ဟေ​ရှာ​ယ 58:7

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

၁ ယော 3:17

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-

သုတ္တံကျမ်း။ 22:9

ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။

ယာ​ကုပ် 1:27

ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။

ဆာ​လံ 35:10

``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။

၁ ယော 4:20

ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-

မဿဲ 25:40

ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။

သုတ္တံကျမ်း။ 22:2

ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။

ဝတ်​ပြု 25:35

သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-

ဆာ​လံ 12:5

ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

လုကာ 10:33-34

သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊- သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-

ယောဘဝတ္တု။ 30:25

အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။

ရော​မ 12:20

ထို့​ကြောင့်​လက်​စား​ချေ​မည့်​အ​စား​ကျမ်း​စာ တော်​တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ ကျမ်း​စာ​တော်​က ``သင်​တို့​၏​ရန်​သူ​သည်​ဆာ ငတ်​မွတ်​သိပ်​လျှင်​ကျွေး​မွေး​လော့။ ရေ​ငတ်​လျှင် သောက်​ရေ​ကို​ပေး​လော့။ ဤ​သို့​ပြု​ခြင်း​အား ဖြင့်​သင်​သည်​သူ့​အား​အ​ရှက်​ရ​စေ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။-

သုတ္တံကျမ်း။ 21:26

တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။

လုကာ 11:41

သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''

ဆာ​လံ 68:5

သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။

ယာ​ကုပ် 2:8

သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။-

၁ တိ 5:10

ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။

မဿဲ 10:42

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''

ထွက်​မြောက် 22:22

မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-

တ​ရား​ဟော 24:19-21

``သင်​တို့​သည်​ကောက်​ပင်​များ​ကို​ရိတ်​သိမ်း သော​အ​ခါ ကျန်​ရစ်​သော​ကောက်​လှိုင်း​များ​ကို တစ်​ပတ်​ပြန်​ကြော့​၍​မ​စု​သိမ်း​ရ။ ထို​ကောက် လှိုင်း​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ခဲ့​ရ​မည်။ ယင်း​အ​တိုင်း​ပြု​ပါ​မူ​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ပြု​လေ​သ​မျှ​ကို​ကောင်းချီး​ပေး​တော်​မူ လိမ့်​မည်။- အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊- သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။- စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-

လုကာ 6:36

သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။

ဆာ​လံ 140:12

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

ထွက်​မြောက် 23:11

သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

ယာ​ကုပ် 2:5

ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-

ဆာ​လံ 10:14

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

လုကာ 7:22

ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-

ဟေ​ရှာ​ယ 32:7

သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-

ဆာ​လံ 102:17

ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။

သုတ္တံကျမ်း။ 13:22

သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။

ရော​မ 12:10

သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။-

ဆာ​လံ 109:31

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ဆင်း​ရဲ​သူ​ကို​ကာ​ကွယ်​၍ သူ့​အား​သေ​ဒဏ်​စီ​ရင်​ကြ​သော​သူ​တို့ ၏​လက်​မှ ကယ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

လုကာ 6:20

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို ကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။

ဆာ​လံ 72:4

မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​အား​ကူ​မ​တော်​မူ​ပါ စေ​သော။ ဖိ​စီး​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း​တော်​မူ​ပါ စေ​သော။

ယောဘဝတ္တု။ 29:15-16

မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။ ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။

တ​ရား​ဟော 10:18

မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-

မဿဲ 26:11

ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-

ဆာ​လံ 9:9

ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။

၁ ရာ 2:8

ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။

လုကာ 18:22

ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

ဟေ​ရှာ​ယ 25:4

ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊

သုတ္တံကျမ်း။ 15:25

မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။

တ​ရား​ဟော 26:12

``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-

မဿဲ 5:7

``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

ဆာ​လံ 107:9

ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။

၂ ကော 8:9

သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။

၁ ယော 3:18

သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။

ဆာ​လံ 112:9

သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။

ဟေ​ရှာ​ယ 58:10

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-

မဿဲ 10:8

မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။-

သုတ္တံကျမ်း။ 19:22

လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသာသုံးသော သူထက်သာ၍ ကောင်း၏။

မဿဲ 19:21

သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။

ရော​မ 15:1

ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-

သုတ္တံကျမ်း။ 11:24-25

စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။

လုကာ 12:33

သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-

၁ တိ 6:18

သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-

ဆာ​လံ 82:3

ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။

သုတ္တံကျမ်း။ 29:7

ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။

ယာ​ကုပ် 2:15-16

ညီ​အစ်​ကို​မောင်​နှ​မ​တို့​သည်​ဝတ်​ရေး​စား ရေး​ချို့​တဲ့​ဆင်း​ရဲ​သောအ​ခါ၊- သင်​တို့​က``သင်​တို့​ကို​ဘု​ရား​သ​ခင်​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ။ နွေး​နွေး​နေ​ကြ​လော့။ ဝ​စွာ စား​ကြ​လော့'' ဟု​ဆို​လျက်​သူ​တို့​လို​အပ်​သည့် အ​သုံး​အ​ဆောင်​ကို​မ​ပေး​ဘဲ​နေ​ပါ​မူ အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-

၂ ကော 9:7

လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-

သုတ္တံကျမ်း။ 21:13

ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။

သုတ္တံကျမ်း။ 14:21

မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။

လုကာ 14:13-14

သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။- သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

ဂ​လာ​တိ 2:10

ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။

ဂ​လာ​တိ 6:10

သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။

သုတ္တံကျမ်း။ 22:16

ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။

၂ ကော 9:8

သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-

ဆာ​လံ 146:7

ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အား မျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍

လုကာ 4:18

``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊

ဟေ​ရှာ​ယ 41:17

ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။

သုတ္တံကျမ်း။ 28:3

ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။

မဿဲ 6:1-2

``သင်​တို့​သည်​အ​များ​မြင်​သာ​အောင်​လူ​မြင်​ကွင်း တွင် အ​လှူ​ဒါ​န​မ​ပြု​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​မည်​သည့်​ကောင်း ချီး​ကို​မျှ​ပေး​သ​နား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။ ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။ ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား သည့်​အ​ပြစ်​များ​ကို​မ​ဖြေ​မ​လွှတ်​ကြ​လျှင်​မူ ကား သင်​တို့​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။- သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။- သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။- ``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။-

ဆာ​လံ 9:18

ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

ယောဘဝတ္တု။ 31:16-17

ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။ မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။

ဟေ​ရှာ​ယ 58:6-7

``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊- ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

တ​ရား​ဟော 15:7-8

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။- စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။-

တမန်တော်ဝတ္ထု 4:34-35

လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။

သုတ္တံကျမ်း။ 11:17

သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။

ဆာ​လံ 72:12

မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။

ယောဘဝတ္တု။ 29:12-13

အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။ ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။

သုတ္တံကျမ်း။ 22:22

ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။

မဿဲ 6:3-4

သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​မ​ထင်​မ​ရှား​ပြု​လော့။- ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။ ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။- (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။- ထို့​ကြောင့်​နက်​ဖြန်​နေ့​အ​ဖို့​မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန် နေ့​နှင့်​သက်​ဆိုင်​သည့်​စိုး​ရိမ်​စ​ရာ​များ​ကို​ထို​နေ့​၌ ကြုံ​တွေ့​ဖြေ​ရှင်း​ရ​လိမ့်​မည်။ ယ​နေ့​ကြုံ​တွေ့​ရ​သည့် စိုး​ရိမ်​စ​ရာ​များ​သည်​ယ​နေ့​အ​တွက်​တော်​လောက် ပေ​၏။ သင်​၏​လက်​ယာ​လက်​ပြု​သော​အ​မှု​ကို​သင်​၏​လက်​ဝဲ လက်​မ​သိ​စေ​နှင့်။ မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို မြင်​တော်​မူ​သော​သင်​၏​အ​ဖ​သည်​သင့်​အား​ကောင်း ချီး​ပေး​သ​နား​တော်​မူ​လိမ့်​မည်။

ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ