Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 15:1 - Common Language Bible

1 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သို့ဖြစ်၍ ခွန်အား​ရှိ​သော​ငါ​တို့​သည် မိမိ​တို့​နှစ်သက်​သည့်​အတိုင်း​မ​ပြု​ဘဲ အားနည်း​သော​သူ​တို့​၏​အားနည်းချက်​တို့​ကို ထောက်မ​ပေး​သင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:1
13 ပူးပေါင်းရင်းမြစ်များ  

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-


ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။-


ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။


သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။


ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။-


သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။-


သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။-


ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။


ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။-


ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။-


မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ