တရားဟော 26:12 - Common Language Bible12 ``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊- အခန်းကိုကြည့်ပါ။Garrad Bible12 သုံး နှစ် လျှင် တစ် ကြိမ်၊ သန့် ခြား ရ သော တ တိ ယ နှစ် မြေ ထွက် ဟူ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ ကို သန့် ခြား ပြီး လျှင်၊ လေ ဝိ ဂိုဏ်း သား၊ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မုဆိုး မ တို့ သည်၊ သင် တို့ မြို့ ရွာ များ အ တွင်း ဝ စွာ စား သောက် ခွင့် ရ စေ ခြင်း ငှါ၊ လှူ ဒါန်း ပေး ကမ်း ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible12 သုံးနှစ်တွင် ဆယ်ဖို့တစ်ဖို့ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ကောက်ယူ၍၊ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေးပြီးမှ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။