ရောမ 12:13 - Common Language Bible13 ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။ အခန်းကိုကြည့်ပါ။Judson Bible13 သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သတေဖန်နှင့်သူ၏အိမ်သားများကို သိကြ၏။ သူတို့သည်ဂရိပြည်မှခရစ်ယာန်ဦး များဖြစ်၍ဘုရားသခင်၏လူစုတော်အား ကူညီမစရန်မိမိတို့ကိုယ်ကိုဆက်ကပ်ထားသူ များဖြစ်ပေသည်။ ညီအစ်ကိုတို့၊ ထိုသို့သောသူတို့ ၏ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူတို့နှင့်အတူ အမှုတော်ကိုကြိုးစား၍ပါဝင်ဆောင်ရွက်ကြ သောသူတို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန်သင်တို့အားငါမေတ္တာရပ်ခံ ပါ၏။
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။