ဆာလံ 10:14 - Common Language Bible14 သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ကိုယ် တော် မြင် တော် မူ ပါ၏။ အ ကျိုး ဖျက် ဆီး ခြင်း နှင့် အ ငြိုး ထား ခြင်း များ ကို၊ လက် စား ချေ ရန် ရှု ကြည့် တော် မူ ပါ၏။ ခို ကိုး ရာ မဲ့ သူ သည်၊ ကိုယ် တော့် ထံ ကိုယ် ကို လွှဲ အပ် ပါ၏။ ဖ သက် ဆိုး ကို လည်း၊ ကိုယ် တော် မ စ တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူတတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ခိုလှုံရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-