တရားဟော 15:11 - Common Language Bible11 သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။'' အခန်းကိုကြည့်ပါ။Garrad Bible11 နေ ပြည် ရှိ ဆွေ မျိုး သား ချင်း ဆင်း ရဲ နွမ်း ပါး သူ တို့ အား လက် လွယ် ကြ လော့ ဟူ၍ ငါ မိန့် မှာ သည့် အ ကြောင်း ကား၊ နွမ်း ပါး သူ တို့ သည် နေ ပြည် အ တွင်း ပြတ် စဲ မည် မ ဟုတ် သော ကြောင့် တည်း။ အခန်းကိုကြည့်ပါ။Judson Bible11 သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထိုကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သင့်ပြည်၌ နွမ်းပါးသောသူသည် ပပျောက်လိမ့်မည်မဟုတ်။ ထို့ကြောင့် ‘သင့်ပြည်၌ရှိသည့် ဆင်းရဲနွမ်းပါးသော သင်၏ညီအစ်ကိုအပေါ် မတွန့်တိုရ’ဟု သင့်အား ငါမိန့်မှာ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။