ဆာလံ 9:9 - Common Language Bible9 ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ဒု က္ခ ရောက် သော ကာ လ တွင် လည်း၊ နှိပ် စက် ခံ ရ သူ တို့ အ ဖို့၊ ထာ ဝ ရ ဘု ရား သည် ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-