ဟေရှာယ 32:7 - Common Language Bible7 သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible7 လိမ် လည် သူ၏ အ လေ့ အ လာ လည်း ဆိုး သွမ်း၍၊ မှန် ကန် စွာ လဲ လျောက် သော ဆင်း ရဲ သား ကို၊ မု သာ ဖြင့် ပယ် ပ စေ ရန် စဉ်း လဲ ကြံ စည် တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible7 စေးနှဲသောသူ သုံးဆောင်ရာတန်ဆာသည်လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည်မှန်သော်လည်း၊ ထိုသို့သောသူကို မုသားစကားအားဖြင့် ဖျက်ဆီးခြင်းငှာ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။ အခန်းကိုကြည့်ပါ။ |
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။