Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 12:20 - Common Language Bible

20 ထို့​ကြောင့်​လက်​စား​ချေ​မည့်​အ​စား​ကျမ်း​စာ တော်​တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ ကျမ်း​စာ​တော်​က ``သင်​တို့​၏​ရန်​သူ​သည်​ဆာ ငတ်​မွတ်​သိပ်​လျှင်​ကျွေး​မွေး​လော့။ ရေ​ငတ်​လျှင် သောက်​ရေ​ကို​ပေး​လော့။ ဤ​သို့​ပြု​ခြင်း​အား ဖြင့်​သင်​သည်​သူ့​အား​အ​ရှက်​ရ​စေ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သင်၏ ရန် သူ သည် ဆာ မွတ် လျှင် ကျွေး မွေး လော့။ ငတ် လျှင် လည်း တိုက် လော့။ ထို သို့ ပြု ခြင်း အား ဖြင့် သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​ကြောင့် သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။”

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 လက်တုံ့ပြန်မည့်​အစား ဤသို့​ပြုလော့။ “သင်​၏ ရန်သူတို့​သည် ဆာလောင်​လျှင် ကျွေးလော့။ ရေငတ်​လျှင် သောက်စရာ​ပေးလော့။ ထိုသို့​ပြုခြင်း​အားဖြင့် သင်​သည် သူတို့​၏ ခေါင်း​ပေါ်၌ မီးခဲ​ကို ပုံထား​သကဲ့သို့ ဖြစ်​လိမ့်မည်။”

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 12:20
12 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။-


ဧ​လိ​ရှဲ​က``မ​သတ်​ပါ​နှင့်။ တိုက်​ပွဲ​တွင်​ဖမ်း​ဆီး​ရ မိ​သည့်​စစ်​သည်​များ​ကို​ပင်​လျှင်​သတ်​ရ​သည်​မ ဟုတ်​ပါ။ သူ​တို့​အား​စား​သောက်​ဖွယ်​ရာ​များ​ကို ကျွေး​မွေး​၍ သူ​တို့​၏​ဘု​ရင်​ထံ​သို့​ပြန်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​ဆို​၏။-


စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊ ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။


မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။


သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-


``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။-


ဆိုး​ညစ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​အ​ရှုံး​မ​ပေး နှင့်။ ကောင်း​မြတ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​ဆိုး ညစ်​မှု​ကို​အ​နိုင်​ယူ​လော့။


ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ