ဆာလံ 12:5 - Common Language Bible5 ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ထာ ဝ ရ ဘု ရား က၊ ဆင်း ရဲ သား တို့ ကို လု ယက် ခြင်း၊ နွမ်း ပါး သူ တို့ ညည်း တွား ခြင်း အ တွက်၊ ယ ခု ငါ ထ၍၊ တောင့် တ ကြ သော လုံ ခြုံ ရာ ၌ ကွယ် ကာ မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။