Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယော 3:18 - Common Language Bible

18 သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သူ ငယ် တို့၊ နှုတ် လျှာ အား ဖြင့် သာ မ ဟုတ်။ ကာ ယ ကံ မြောက် မု ချ ချစ် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သားသမီးတို့… ကျွန်ုပ်တို့​သည် အပြော​နှင့်သာ မချစ်ဘဲ လက်တွေ့၊ အမှန်​ချစ်ကြပါစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:18
18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-


သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-


အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ​ကို​ချစ်​သော​ကြောင့် တ​ရား​ဇ​ရပ်​တစ်​ဆောင်​ကို​ဆောက်​လုပ်​ပေး​သူ ဖြစ်​ပါ​၏'' ဟု​လေး​နက်​စွာ​ထောက်​ခံ​လျှောက် ထား​ကြ​၏။


သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''


သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။-


ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။-


ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။-


သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-


ငါ​၏​သား​သ​မီး​တို့၊ သင်​တို့​သည်​အ​ပြစ် မ​ကူး​ကြ​စေ​ရန်​ဤ​စာ​ကို​ငါ​ရေး​လိုက်​၏။ သို့​ရာ​တွင်​အကယ်​၍​တစ်​စုံ​တစ်​ယောက်​သော သူ​သည်​အ​ပြစ်​ကူး​မိ​ပါ​မူ ခ​မည်း​တော် ထံ​တွင်​ငါ​တို့​အ​တွက်​အသ​နား​ခံ​သည့်​ဖြောင့် မတ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ရှိ​ပေ သည်။-


သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-


အ​သက်​ကြီး​သူ​ထံ​မှ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​ခြင်း​ခံ​ရ​သူ​နှင့် အ​မှန်​ပင်​ငါ​ချစ်​မြတ် နိုး​သူ​အ​မျိုး​သ​မီး​ကြီး​နှင့် သူ​၏​သား​သ​မီး များ​ထံ​သို့​စာ​ရေး​လိုက်​သည်။ သင့်​အား​ငါ​တစ် ဦး​တည်း​သာ​မ​က သမ္မာ​တ​ရား​ကို​သိ​ရှိ​သူ အ​ပေါင်း​တို့​သည်​ချစ်​ကြ​ပေ​သည်။-


အ​သက်​ကြီး​သူ​ထံ​မှ​အ​မှန်​ပင်​သမ္မာ​တ​ရား တော်​အား​ဖြင့် ငါ​ချစ်​မြတ်​နိုး​သူ​ဂါ​ယု​ထံ သို့​စာ​ရေး​လိုက်​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ