အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 19:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဟာ နန့် သား အ မြော် အ မြင် ဆ ရာ ယေ ဟု သည်၊ ခ ရီး ဦး ကြို ဆို လျက်၊ ယော ရှ ဖတ် မင်း အား လျှောက် ဆို သည် မှာ၊ ဘု ရင် မင်း သည် လူ ဆိုး ကို ထောက် မ အပ် သ လော။ ထာ ဝ ရ ဘု ရား အား မုန်း ထား သူ တို့ ကို ချစ် အပ် သ လော။ ဤ အ မှု ကြောင့် ထာ ဝ ရ ဘု ရား အ မျက် တော် သည်၊ ဘု ရင် မင်း အ ပေါ် သို့ သင့် ရောက် လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 19:2
40 ပူးပေါင်းရင်းမြစ်များ  

ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟာနနိ​၏​သား​ယေဟု​ထံသို့ ရောက်လာ​သည်​မှာ


ထိုသို့ ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ပရောဖက်​ယေဟု​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​အတိုင်း ဇိမရိ​သည် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။


ဗာရှာ​မင်းကြီး​သည် ယေရောဗောင်​အမျိုးအနွယ်​ကဲ့သို့ပင် မိမိ​လက်​ဖြင့်​ပြုလုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​အလုံးစုံ​တို့​ကို​ပြု​၍ အမျက်​တော်​ကို​နှိုးဆော်​ပြီး ယေရောဗောင်​အမျိုးအနွယ်​ကို​လည်း ဖျက်ဆီး​ပစ်​သောကြောင့် ဟာနနိ​၏​သား ပရောဖက်​ယေဟု​အားဖြင့် ဗာရှာ​မင်းကြီး​နှင့် သူ​၏​အမျိုးအနွယ်​ကို​ဆန့်ကျင်​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၏​။


အကယ်စင်စစ် အာဟပ်​မင်းကြီး​ကဲ့သို့​မိဖုရား​ယေဇဗေလ​၏​သွေးဆောင်မှု​နောက်​သို့​လိုက်ပါ​သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် မိမိကိုယ်ကို​ရောင်းစား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။


ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​နှင့် သင့်မြတ်စွာ​နေ​၏​။


ထိုအခါ စိတ်အာရုံရသူ​ဟာနနိ​သည် ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ​သွား​၍ “​သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ကိုးစား​ဘဲ ဆီးရီးယား​ဘုရင်​ကို ကိုးစား​သောကြောင့် ဆီးရီးယား​ဘုရင်​၏​စစ်တပ်​သည် သင့်​လက်​မှ လွတ်မြောက်​သွား​ပြီ​။


ယောရှဖတ်​မင်းကြီး​သည် ဓနဥစ္စာ​၊ ဘုန်းအသရေ​တိုးပွား​လျက်​ရှိ​၏​။ အာဟပ်​မင်း​မျိုး​နှင့်​လည်း စုံဖက်​ဆွေမျိုးစပ်​၏​။


ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​သွား​ကြ​၏​။


အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​က ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​အား “​အကျွန်ုပ်​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​များ​ပင် ဖြစ်​ပါ​၏​။ မင်းကြီး​နှင့်အတူ စစ်ချီထွက်​ပါ​မည်​”​ဟု ပြန်ပြော​၏​။


အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် မည်သည့်​အခါ​မျှ အကောင်း​ကို​မ​ဟော​။ သူ့​တစ်သက်မှာ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။


ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မိမိ​နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်လာ​ခဲ့​၏​။


မြို့​အသီးသီး​တွင်​နေထိုင်​ကြ​သော သင်​တို့​၏​ညီအစ်ကို​တို့​သည် အချင်းချင်း​သတ်ဖြတ်မှု​၊ ဥပဒေသ​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​စသည်​တို့​နှင့်​ပတ်သက်​သော​အမှုအခင်း​အလုံးစုံ​တို့​ကို သင်​တို့​ထံသို့ ယူဆောင်​လာ​လျှင် သင်​တို့​သည် သူ​တို့​အား သတိပေး​ရ​မည်​။ သို့မှ သူ​တို့​သည် ထာဝရဘုရား​ကို မ​ပြစ်မှား​မိ​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​နှင့် သင်​တို့​၏​ညီအစ်ကို​အပေါ်​အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​လည်း အပြစ်​မ​ပြု​မိ​ဘဲ​နေ​လိမ့်မည်​။


ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို စွန့်ခွာ​သွား​ကြ​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​တို့​ကို ကိုးကွယ်​ကြ​၏​။ ထို​အပြစ်​ကြောင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အမျက်​တော်​သက်ရောက်​လေ​၏​။


ဩဇိ​မင်းကြီး​နှင့်​မျက်နှာချင်းဆိုင်​လျက် “​အရှင်​ဩဇိ​မင်းကြီး​၊ ထာဝရဘုရား​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​အမှု​သည် အရှင်မင်းကြီး​နှင့်​မ​ဆိုင်​ပါ​။ နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် ခန့်အပ်​ခြင်း​ခံရ​သော​အာရုန်​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​နှင့်​သာ​ဆိုင်​ပါ​၏​။ သန့်ရှင်းရာဌာန​ထဲမှ​ထွက်သွား​ပါ​။ မင်းကြီး​သည် သစ္စာမဲ့​စွာ​ပြု​မိ​ပြီ​ဖြစ်​၍ မင်းကြီး​၌ ဘုရားသခင်​ထာဝရဘုရား​ထံမှ ဘုန်းအသရေ​မ​ရှိ​တော့​ပေ​”​ဟု ဆို​လျှင်


သို့သော် ဟေဇကိ​မင်းကြီး​သည် ခံစား​ရ​သော​ကျေးဇူး​တော်​အတိုင်း မ​တုံ့ပြန်​ဘဲ ဘဝင်မြင့်​လာ​၏​။ ထို့ကြောင့် အမျက်​တော်​သည် သူ့​အပေါ်​သာမက ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​လေ​၏​။


ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊


ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​ရန်သူ​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ကိုယ်တော့်​ကို​မုန်း​သော​သူ​တို့​အပေါ် ကျရောက်​လိမ့်မည်​။


ဘုရားသခင်​ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​မှ​ထွက်ပြေး​ကြ​လိမ့်မည်​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


အာမုတ်​က​လည်း အာမဇိ​အား “​ငါ​သည် ပရောဖက်​မ​ဟုတ်​၊ ပရောဖက်​၏​သား​လည်း​မ​ဟုတ်​။ ငါ​သည် သိုး​များ​ကို ထိန်းကျောင်းသူ​၊ သင်္ဘောသဖန်းပင်​များ​ကို စိုက်ပျိုး​ပြုစု​သူ​ဖြစ်​၏​။


လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိမှတ်​ကြ​လော့။


ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခမည်းတော်​ကို​လည်း​မုန်း​၏။


ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။


ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊


ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။


အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။


လင်းလက်​သော​ငါ့​ဓား​ကို ငါ​သွေး​မည်​။ ထို​ဓား​ကို​ကိုင်​၍ တရားစီရင်​မည်​။ ငါ့​ကို​ရန်ပြုသောသူ​တို့​ကို​လက်စားချေ​မည်​။ ငါ့​ကို​မုန်းတီး​သော​သူ​တို့​ကို လက်တုံ့ပြန်​မည်​။


အို ထာဝရဘုရား​၊ သူ​၏​ဥစ္စာပစ္စည်း​ကို​ကောင်းချီးပေး​တော်မူ​၍ သူ​လုပ်ဆောင်​သော​အမှု​ကို​လက်ခံ​တော်မူ​ပါ​။ သူ့​ကို​ဆန့်ကျင်​သော​သူ​၊ သူ့​ကို​မုန်း​သော​သူ​တို့ ပြန်၍​မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်မူ​ပါ​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


ကိုယ်တော်​ကို မုန်းတီး​သော​သူ​တို့​ကို​ကား ပျက်စီး​စေ​ခြင်း​ဖြင့် ဒဏ်ခတ်​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​ကို​မုန်းတီး​သော​သူ​တို့​အား အလျင်အမြန် ဒဏ်ခတ်​တော်မူ​မည်​။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။​)