၂ ရာချုပ် 16:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။ အခန်းကိုကြည့်ပါ။Common Language Bible7 ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible7 ထို အ ခါ အ မြော် အ မြင် ဆ ရာ ဟာ နန် သည်၊ ယု ဒ ဘု ရင် အာ သ မင်း ထံ ဝင် လာ၍၊ ဘု ရင် မင်း သည်၊ ကိုယ့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား အား မ ကိုး စား ဘဲ၊ ရှု ရိ ဘု ရင် ကို ကိုး စား သည့် အ တွက်၊ ရှု ရိ ဘု ရင့် အ လုံး အ ရင်း သည်၊ ဘုရင် မင်း လက် တွင်း မှ လွတ် မြောက် လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible7 ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသောကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီးလက်မှ လွတ်သွားကြပြီ။ အခန်းကိုကြည့်ပါ။ |
“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို လက်ဆောင်အဖြစ်ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။