Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ ချင်း မျောက် မ ထား သူ တို့၊ ဤ လော က နှင့် မိတ် ဖွဲ့ ခြင်း သည် ဘု ရား သ ခင် ကို ရန် ဘက် ပြု ခြင်း ဖြစ် ကြောင်း မ သိ ကြ လော။ သို့ ဖြစ်၍ မည် သူ မ ဆို ဤ လော က နှင့် မိတ် ဖြစ် လို လျှင် ဘု ရား သ ခင် ကို ရန် ဘက် ပြု သူ ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 4:4
24 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​ရန်သူ​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ကိုယ်တော့်​ကို​မုန်း​သော​သူ​တို့​အပေါ် ကျရောက်​လိမ့်မည်​။


သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။


အကယ်စင်စစ် ကိုယ်တော်​နှင့်​ဝေးကွာ​သော​သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။ ကိုယ်တော်​အပေါ်​သစ္စာ​မ​ရှိ​၊ ဖောက်ပြန်မှားယွင်း​သော​သူ​ရှိသမျှ​တို့​ကို ကိုယ်တော်​သည် ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


စုန်းမ​သား​၊ အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ ပြည့်တန်ဆာ​အမျိုးအနွယ်​တို့​၊ ချဉ်းကပ်​ကြ​လော့​။


“​ဂျေရုဆလင်​မြို့​ကြားသိ​အောင်​သွား​၍​ဟစ်အော်​လော့​။ ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ ‘သင်​ငယ်ရွယ်​စဉ်က ငါ့​အပေါ်​မေတ္တာ​ထား​ခဲ့​သည်​ကို​လည်းကောင်း​၊ သတို့သမီး​အချစ်​နှင့် ချစ်​ခဲ့​သည်​ကို​လည်းကောင်း​၊ မြေရိုင်းမြေကော​တောကန္တာရ​၌ ငါ့​နောက်​လိုက်​ခဲ့​သည်​ကို​လည်းကောင်း ငါ​အောက်မေ့​၏​။


မည်သူ​သည် တောကန္တာရ​၌ ခရီးသွား​ဧည့်သည်​များ စခန်းချ​ရာ​နေရာ​လေး​တစ်နေရာ​ကို ငါ့​အား ပေး​မည်နည်း​။ သို့ပြုလျှင် ငါ​သည် ငါ​၏​လူမျိုး​တော်​ကို​စွန့်​၍ သူ​တို့​ထံမှ​ထွက်သွား​မည်​။ သူ​တို့​အားလုံး​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ သစ္စာမဲ့​သော​လူစု​ဖြစ်​၏​။


ဖောက်ပြန်​သော​မိန်းမ​၊ သင်​သည် ကိုယ့်​ခင်ပွန်း​အစား သူစိမ်း​ယောက်ျား​များ​ကို တပ်မက်​ပါ​သည်​တကား​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​က​လည်း“ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။


ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။


မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။


ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။


အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။


လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။


အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။


ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


အကြောင်းမူကား ယခု ငါ​သည် လူ​တို့​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့မဟုတ် ဘုရားသခင်​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့တည်းမဟုတ် လူ​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​သလော။ လူ​တို့​ကို​နှစ်သက်​စေရန် ငါ​ကြိုးစား​နေ​သေး​လျှင် ငါ​သည် ခရစ်တော်​၏​အစေအပါး​ဖြစ်​သည်​မ​ဟုတ်။


ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ