Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ယော ရှ ဖတ် မင်း အ စ အ ဆုံး ပြု မူ သော အ ကြွင်း အ ကျန် သည်၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ပါ ဝင် သော၊ ဟာ နန့် သား ယေ ဟု အ တ္ထု ပ္ပ တ္တိ၌ ရေး ထား လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ဆက်၍၊ ဟာ​နန်​သား​ယေ​ဟု စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:34
11 ပူးပေါင်းရင်းမြစ်များ  

ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟာနနိ​၏​သား​ယေဟု​ထံသို့ ရောက်လာ​သည်​မှာ


ထိုသို့ ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ပရောဖက်​ယေဟု​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​အတိုင်း ဇိမရိ​သည် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။


ဗာရှာ​မင်းကြီး​သည် ယေရောဗောင်​အမျိုးအနွယ်​ကဲ့သို့ပင် မိမိ​လက်​ဖြင့်​ပြုလုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​အလုံးစုံ​တို့​ကို​ပြု​၍ အမျက်​တော်​ကို​နှိုးဆော်​ပြီး ယေရောဗောင်​အမျိုးအနွယ်​ကို​လည်း ဖျက်ဆီး​ပစ်​သောကြောင့် ဟာနနိ​၏​သား ပရောဖက်​ယေဟု​အားဖြင့် ဗာရှာ​မင်းကြီး​နှင့် သူ​၏​အမျိုးအနွယ်​ကို​ဆန့်ကျင်​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၏​။


ကျန်ရှိ​နေ​သော ယောရှဖတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ပရောဖက်​ရှေမာယ​နှင့် ဗျာဒိတ်ရသူ​ဣဒေါ​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။


ကျန်ရှိ​နေ​သော​အဘိယ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​လုပ်ဆောင်မှု​များ​၊ သူ​၏​မိန့်ဆိုချက်​များ​ကို ပရောဖက်​ဣဒေါ​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။


အာသ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​၊ ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ထိုအခါ စိတ်အာရုံရသူ​ဟာနနိ​သည် ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ​သွား​၍ “​သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ကိုးစား​ဘဲ ဆီးရီးယား​ဘုရင်​ကို ကိုးစား​သောကြောင့် ဆီးရီးယား​ဘုရင်​၏​စစ်တပ်​သည် သင့်​လက်​မှ လွတ်မြောက်​သွား​ပြီ​။


ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။


ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ယုဒ​ဘုရင်​များ​၊ အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ