၂ ရာချုပ် 19:2 - Common Language Bible2 ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။- အခန်းကိုကြည့်ပါ။Garrad Bible2 ဟာ နန့် သား အ မြော် အ မြင် ဆ ရာ ယေ ဟု သည်၊ ခ ရီး ဦး ကြို ဆို လျက်၊ ယော ရှ ဖတ် မင်း အား လျှောက် ဆို သည် မှာ၊ ဘု ရင် မင်း သည် လူ ဆိုး ကို ထောက် မ အပ် သ လော။ ထာ ဝ ရ ဘု ရား အား မုန်း ထား သူ တို့ ကို ချစ် အပ် သ လော။ ဤ အ မှု ကြောင့် ထာ ဝ ရ ဘု ရား အ မျက် တော် သည်၊ ဘု ရင် မင်း အ ပေါ် သို့ သင့် ရောက် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible2 ဟာနန်သား ပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-
ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)
အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
အခြားမြို့များတွင်နေထိုင်သောအမျိုးသား ချင်းတို့သည်လူသတ်မှုကိုဖြစ်စေ၊ တရား ဥပဒေသို့မဟုတ်ပညတ်တော်ကိုလွန်ကူး မှုကိုဖြစ်စေသင်တို့ထံသို့ယူဆောင်လာသည့် အခါတိုင်း သူတို့သည်တရားစီရင်ရာတွင် ထာဝရဘုရားအားမပြစ်မှားမိစေရန်သင် တို့ကသေချာစွာညွှန်ကြားရကြမည်။ ယင်း သို့မပြုပါမူသင်တို့နှင့်သူတို့၏အပေါ်သို့ ထာဝရဘုရား၏အမျက်တော်သက်ရောက် လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ တာဝန်ရှိသည်အတိုင်းဆောင်ရွက်ကြလျှင် မူကားအပြစ်လွှတ်ကြလိမ့်မည်။-
တားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။