ယခု အကျွန်ုပ်တို့ဂျော်ဒန်မြစ်သို့သွား၍ တစ်ယောက်လျှင် သစ်လုံးတစ်လုံးစီယူပြီး ထိုနေရာတွင် အကျွန်ုပ်တို့အတွက်နေစရာကို ဆောက်ပါရစေ”ဟု ဆိုကြလျှင် ဧလိရှဲက “သွားပါ”ဟု ခွင့်ပြု၏။
၁ သက် 2:9 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။ Common Language Bible ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။ Garrad Bible ညီ အစ် ကို တို့၊ သင် တို့ အ နက် မည် သူ့ အ ပေါ် တွင် မျှ ဝန် မ ဖြစ် စေ ရန် ငါ တို့ သည် နေ့ ညဉ့် မ ပြတ် လုပ် ကိုင် လျက် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို ကြား ပြော စဉ် ငါ တို့ ကြိုး စား ပင် ပန်း ခံ ခြင်း ကို သင် တို့ သ တိ ရ ကြ ၏။ Judson Bible ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ငါတို့သည် နေ့ညလုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။ |
ယခု အကျွန်ုပ်တို့ဂျော်ဒန်မြစ်သို့သွား၍ တစ်ယောက်လျှင် သစ်လုံးတစ်လုံးစီယူပြီး ထိုနေရာတွင် အကျွန်ုပ်တို့အတွက်နေစရာကို ဆောက်ပါရစေ”ဟု ဆိုကြလျှင် ဧလိရှဲက “သွားပါ”ဟု ခွင့်ပြု၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ထိုအတွက် နေ့တိုင်း နွားတစ်ကောင်၊ ဆူဖြိုးသောသိုးခြောက်ကောင်နှင့် ကြက်ငှက်များကို ပြင်ဆင်ပေးရ၏။ စပျစ်ဝိုင်အမျိုးမျိုးကိုလည်း ဆယ်ရက်တစ်ခါ အလျှံအပယ်ချပေး၏။ ထိုမျှကုန်သော်လည်း ငါသည် ဘုရင်ခံရထိုက်သောရိက္ခာကို လုံးဝမတောင်း။ အကြောင်းမှာ ဤအမှုသည် ပြည်သူပြည်သားတို့အတွက် ဝန်ထုပ်ဖြစ်လှ၏။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
ရိုက်နှက်ခံရခြင်း၌ဖြစ်စေ၊ အကျဉ်းချခံရခြင်း၌ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၌ဖြစ်စေ၊ ကြိုးပမ်းအားထုတ်ခြင်း၌ဖြစ်စေ၊ အိပ်ရေးပျက်ခြင်း၌ဖြစ်စေ၊ အစာပြတ်လပ်ခြင်း၌ဖြစ်စေ၊
သက်သာလောနိတ်မြို့၌ ငါရှိစဉ်ကလည်း သင်တို့သည် ငါလိုအပ်သောအရာကို တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် ပေးပို့ခဲ့ကြ၏။
သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။
သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။
ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ
ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
ဤသည်ကား မင်္ဂလာရှိတော်မူသောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်းနှင့် ကိုက်ညီ၏။ ထိုကောင်းမြတ်သောသတင်းကို ငါ့အားယုံကြည်အပ်နှံထားတော်မူပြီ။
ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။
အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။
ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။