၁ သက် 2:9 - Common Language Bible9 ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ညီ အစ် ကို တို့၊ သင် တို့ အ နက် မည် သူ့ အ ပေါ် တွင် မျှ ဝန် မ ဖြစ် စေ ရန် ငါ တို့ သည် နေ့ ညဉ့် မ ပြတ် လုပ် ကိုင် လျက် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို ကြား ပြော စဉ် ငါ တို့ ကြိုး စား ပင် ပန်း ခံ ခြင်း ကို သင် တို့ သ တိ ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ငါတို့သည် နေ့ညလုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။-
ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-
ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''