၁ တိ 4:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါတို့သည်ကြိုးစားအားထုတ်လုပ်ဆောင်လျက် နေကြခြင်းမှာ လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့်ယုံကြည်သူတို့၏ကယ်တင်ရှင် ဖြစ်တော်မူ၍ အသက်ရှင်တော်မူသောဘုရား သခင်ကိုကိုးစားကြသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ယုံ ကြည် သူ တို့ မှ စ၍ သူ ခပ် သိမ်း တို့၏ ကယ် တင် ရှင်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငါ တို့ သည် အား ကိုး မျှော် လင့် ကြ သော ကြောင့် ထို အ ကျိုး ကို ခံ စား ခြင်း ငှါ ကြိုး စား အား ထုတ် လျက် နေ ကြ၏။ ထို အ တိုင်း မိန့် မှာ သင် ကြား လော့။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အခန်းကိုကြည့်ပါ။ |
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။