ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
၁ ရာ 27:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့် Common Language Bible ``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။- Garrad Bible ထို နောက် ဒါ ဝိဒ် က၊ ငါ သည် ရှော လု မင်း လက် ဖြင့် တစ် နေ့ နေ့ ပျက် စီး ရ လိမ့် မည်။ ဖိ လိ တ္တိ ပြည် သို့ ပြေး ခို ရ သည့် ထက် ကောင်း သော အ ရာ မ ရှိ တော့ ပြီ။ ရှော လု မင်း လည်း ဣ သ ရေ လ နိုင် ငံ လုံး တွင် ဆက် လက် လိုက် ရှာ ရန် စိတ် လျော့ မည် ဖြစ်၍ သူ့ လက် တွင်း မှ ငါ လွတ် ကင်း လိမ့် မည် ဟု ကြံ စည် သည့် အ တိုင်း Judson Bible တစ်ဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသောအရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊ |
ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
ထို့နောက် ယုဒဘုရင် အာမဇိမင်းကြီးသည် စည်းဝေးတိုင်ပင်ပြီးမှ ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။
“လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု ငါအလန့်တကြားပြောဆိုမိ၏။
‘အီဂျစ်လူမျိုးတို့ထံ အစေခံပါရစေ။ ငါတို့ကို ဤအတိုင်းရှိစေတော့’ဟူ၍ သင့်ကို အီဂျစ်ပြည်၌ ငါတို့ပြောခဲ့သည် မဟုတ်လော။ တောကန္တာရတွင် သေရသည်ထက် အီဂျစ်လူမျိုးတို့ကိုအစေခံရခြင်းက ငါတို့အတွက်သာ၍ကောင်း၏”ဟု ဆိုကြ၏။
မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။
မာကေဒေါနိပြည်သို့ ငါတို့ရောက်သောအခါ ငါတို့၏ကိုယ်ကာယသည် နားနေရန်အခွင့်မရဘဲ အပြင်၌တိုက်ခိုက်ခြင်းများ၊ အတွင်း၌ကြောက်ရွံ့ခြင်းများရှိ၍ အဘက်ဘက်မှနှိပ်စက်ခြင်းကိုခံရကြ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
ထိုအခါ ပရောဖက်ဂဒ်က ဒါဝိဒ်အား “ပုန်းမနေပါနှင့်။ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်လာ၍ ယုဒပြည်သို့ သွားလော့”ဟု ဆိုသဖြင့် ဒါဝိဒ်သည် ထွက်လာ၍ ဟာရက်တောသို့ သွား၏။
“သင်မစိုးရိမ်နှင့်။ ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်အသက်ကို ရန်ရှာနိုင်မည်မဟုတ်။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရင် ဖြစ်ရလိမ့်မည်။ ငါသည် သင့်အတွက် လက်ရုံးသဖွယ်ဖြစ်မည်။ ဤသည်ကို ငါ့ခမည်းတော်ရှောလုမင်းကြီးလည်း သိပါ၏”ဟု ဆို၏။
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။
ဖိလိတ္တိမင်းတို့သည် ရာချီတပ်၊ ထောင်ချီတပ်တို့နှင့် ချီတက်ကြ၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည်လည်း အာခိတ်မင်းကြီးနှင့်အတူ သူတို့နောက်မှလိုက်၍ ချီသွားကြ၏။
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။