၁ ရာ 16:1 - မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 တစ် ဖန် ထာ ဝ ရ ဘု ရား က ရှ မွေ လ အား၊ ရှော လု အ တွက် မည် မျှ ကြာ သင် ဝမ်း နည်း မည် နည်း။ ငါ သည် ဣ သ ရေ လ ဘု ရင့် အ ဖြစ် မှ သူ့ ကို ပယ် ခဲ့ လေ ပြီ။ သင့် ဘူး တွင် ဆီ အ ပြည့် ထည့် ပြီး လျှင် ငါ စေ လွှတ် သည့် အ တိုင်း ဗက် လင် မြို့ သား ယေ ရှဲ ထံ သွား လော့။ ၎င်း သား တို့ အ နက် ဘု ရင် တစ် ပါး ကို ငါ စီ မံ ပြီ ဟု မိန့် တော် မူ သော် အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။