Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 25:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် ယုဒ​ဘုရင် အာမဇိ​မင်းကြီး​သည် စည်းဝေး​တိုင်ပင်​ပြီးမှ ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်​တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို နောက်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း သည် တိုင် ပင် လျက်၊ ယေ ဟု မင်း မြေး တော်၊ ယော ခတ် မင်း သား တော်၊ ဣသ ရေ လ ဘု ရင် ယ ဟော ရှ မင်း ထံ စေ လွှတ်၍၊ ကျွန်ုပ် တို့ သည် မျက် နှာ ချင်း ဆိုင် ကြ ကုန် အံ့ ဟု၊ အ မှာ တော် သ လိုက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​နောက်၊ အာ​မ​ဇိ​သည်​တိုင်​ပင်​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ဟု​သား​ဖြစ်​သော ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 25:17
7 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အာဗနာ​က ယွာဘ​အား “​လုလင်​တို့​ကို​ငါ​တို့​ရှေ့​သို့ ထွက်လာ​ပြီး စစ်ထိုးကစား​စေ​မည်​”​ဟု ဆို​လျှင် ယွာဘ​က “​ထွက်လာ​ကြ​စေ​”​ဟု ဆို​၏​။


စစ်ကူတိုက်​ခွင့်​မ​ပေး​ဘဲ အာမဇိ​မင်းကြီး ပြန်လွှတ်​လိုက်​သော​စစ်သူရဲ​တို့​သည် ရှမာရိ​မြို့​မှ ဗေသောရုန်​မြို့​တိုင်အောင် ယုဒ​မြို့ရွာ​များ​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး လူ​သုံး​ထောင်​ကို​သတ်​ကာ တိုက်ရာပါပစ္စည်း​များစွာ​ကို​လည်း သိမ်းယူ​သွား​ကြ​၏​။


ထိုသို့ ပရောဖက်​ပြောဆို​နေ​သည်​ကို အာမဇိ​မင်းကြီး​က “​သင့်​ကို ရှင်ဘုရင်​၏​အတိုင်ပင်ခံ​အဖြစ် ခန့်ထား​သလော​။ တိတ်တိတ်နေ​လော့​။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်​ခံရ​အောင်​လုပ်​သနည်း​”​ဟု ပြန်ပြော​ရာ ပရောဖက်​က “​ငါ​ပေး​သော​အကြံ​ကို သင်​နား​မ​ထောင်​၊ ဤ​အမှု​ကို သင်​ပြု​သောကြောင့် ဘုရားသခင်​သည် သင့်​ကို​ဖျက်ဆီး​ပစ်​ရန် ကြံရွယ်​ထား​သည်​ကို ငါ​သိ​၏​”​ဟု ဆို​လေ​၏​။


ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ရှောင်ရှား​သော​သူ​သည် ဂုဏ်သရေ​ရှိ​၏​။ ဆိုးမိုက်​သော​သူ​တိုင်း​ကား ခိုက်ရန်​ဖြစ်​တတ်​ကြ​၏​။


ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ


ဒါဝိဒ်​သည် စိတ်​ထဲတွင် “​တစ်နေ့​မ​ဟုတ် တစ်နေ့ ရှောလု​မင်းကြီး​လက်​ဖြင့် ငါ​သေ​ရ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်​သို့​ထွက်ပြေး​တိမ်းရှောင်​သွား​ခြင်း​ထက် ငါ့​အတွက် ကောင်း​သော​နည်းလမ်း​မ​ရှိ​။ သို့မှ ရှောလု​မင်းကြီး​သည် ငါ့​ကို အစ္စရေး​နယ်မြေ​တွင် ရှာဖွေ​ခြင်း​မှ လက်လျှော့​ပြီး သူ့​လက်​မှ လွတ်မြောက်​ရ​လိမ့်မည်​”​ဟု တွေး​မိ​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ