Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 16:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ရှ မွေ လ သည် ဆီ ထည့် သော ဘူး ကို ယူ လျက်၊ အစ် ကို တို့ အ လယ် တွင် ဘိ သိက် သွန်း လျှင် သွန်း ချင်း၊ ဒါ ဝိဒ် အ ပေါ် သို့ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက်၍ တည် လေ သ တည်း။ ရှ မွေ လ ကား ရာ မ မြို့ သို့ ထ သွား လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 16:13
27 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​သူ​သည် အရှင်မင်းကြီး​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ရှောလု​မင်းကြီး​လက်​မှ ကယ်နုတ်​ပြီး အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ခဲ့​၏​။


ထိုအခါ ယုဒ​အမျိုးသား​တို့​သည် ရောက်လာ​၍ ဒါဝိဒ်​အား ယုဒ​အမျိုးအနွယ်​တို့​၏​ဘုရင်​အဖြစ် ထို​နေရာ​တွင် ဘိသိက်ပေး​ကြ​၏​။ သူ​တို့​က ဒါဝိဒ်​အား “ယာဗက်​ဂိလဒ်​မြို့သား​တို့​က ရှောလု​မင်းကြီး​ကို​သင်္ဂြိုဟ်​လိုက်​ကြ​ပါ​ပြီ​”​ဟု ပြောပြ​ကြ​သောအခါ


ဒါဝိဒ်​မင်းကြီး​နောက်ဆုံး​မိန့်ဆို​ခဲ့​သော​စကား​။ ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​မိန့်ဆို​ခဲ့​သော​နိမိတ်စကား​။ အမြင့်ဆုံး​သို့ ချီးမြှောက်​ခြင်း​ခံရ​သူ​၊ ယာကုပ်​၏​ဘုရားသခင် ဘိသိက်ပေး​ထား​သူ​၊ အသာယာဆုံး​အစ္စရေး​သီချင်း​ကို​ရေးစပ်သီဆို​သူ မိန့်ဆို​ခဲ့​သော​နိမိတ်စကား​များ​ကား ဤသို့​တည်း​။


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ထိုအခါ ယေဟု​သည် ထ​၍​အိမ်​ထဲသို့​ဝင်သွား​၏​။ ပရောဖက်​လုလင်ပျို​သည် ဆီ​ကို သူ့​ခေါင်း​ပေါ်​သွန်းလောင်း​ပြီး “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား ‘​ငါ​သည် သင့်​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​ပြီ​။


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ငါ​၏​အစေအပါး​ဒါဝိဒ်​ကို ငါ​ရှာတွေ့​၍ ငါ​၏​သန့်ရှင်း​သော​ဆီ​ဖြင့် သူ့​ကို​ဘိသိက်ပေး​ပြီ​။


ငါ့​လက်​သည် သူ့​ကို​မြဲမြံ​စေ​မည်​။ ငါ့​လက်ရုံး​သည်​လည်း သူ့​ကို အင်အားကြီးမား​စေ​မည်​။


ငါ​ဆင်းလာ​၍ ထို​နေရာ​၌ သင်​နှင့်​စကားပြော​မည်​။ ငါ​သည် သင်​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ ထို​သူ​တို့​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​သည် သင်​နှင့်အတူ ထို​လူမျိုး​၏​ဝန်​ကို ထမ်း​ကြ​ရ​လိမ့်မည်​။ သို့ဖြစ်၍ သင်​တစ်ယောက်တည်း ထမ်း​ရ​တော့​မည်​မ​ဟုတ်​။


ထာဝရဘုရား​က​လည်း မောရှေ​အား “​နုန်​၏​သား​ယောရှု​၌ ဝိညာဉ်​တော်​တည်​၏​။ သူ့​ကို​ခေါ်​၍ သင့်​လက်​ကို သူ့​အပေါ်​တင်​လော့​။


ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။


ရှောလု​ကို​ဖယ်ရှား​ပြီးနောက် ဒါဝိဒ်​အား သူ​တို့​၏​ဘုရင်​အဖြစ် ချီးမြှောက်​တော်မူ​လျက် သူ​နှင့်ပတ်သက်၍ သက်သေခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေရှဲ​၏​သား​ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အလို​ရှိသမျှ​ကို ဆောင်ရွက်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။”


ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ယေဖသ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် ဂိလဒ်​ပြည်​၊ မနာရှေ​ပြည်​တို့​ကို​ဖြတ်​၍ ဂိလဒ်​ပြည်​ရှိ မိဇပါ​မြို့​သို့ ချီတက်​သွား​၏​။ ဂိလဒ်​ပြည် မိဇပါ​မြို့​မှ အမ္မုန်​အမျိုးသား​တို့​ရှိ​ရာ​သို့ ဆက်၍​ချီတက်​သွား​၏​။


သူ​သည် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ မဟာနေဒန်​အရပ်​၌​ရှိ​နေစဉ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို စတင်​နှိုးဆော်​၏​။


ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​ထဲ၌​ဘာမျှ​မ​ပါ​သော်လည်း ဆိတ်သငယ်​တစ်​ကောင်​ကို​ဆွဲဖျက်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖျက်​လေ​၏​။ ထိုသို့​ပြု​ခဲ့​သည်​ကို မိဘ​တို့​အား​မ​ပြောပြ​ဘဲ​နေ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။


သူ​တို့​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ပြီးလျှင် မိမိ​တို့​အိမ်​ရှိ​ရာ ရာမ​မြို့​သို့ ပြန်​လာ​ကြ​၏​။ ထို့နောက်တွင် ဧလကာန​သည် မိမိ​၏​မယား​ဟန္န​နှင့်​ဆက်ဆံ​၏​။ ထာဝရဘုရား​သည်​လည်း ဟန္န​ကို အောက်မေ့​တော်မူ​သဖြင့်


ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။


ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သို့ တစ်မုဟုတ်ချင်း​ဆင်းသက်​၍ သူ​တို့​နှင့်အတူ ပရောဖက်ပြု​ပြီး လူ​သစ်​တစ်​ယောက်​အဖြစ်​ပြောင်းသွား​လိမ့်မည်​။


ထို​စကား​တို့​ကို ရှောလု​ကြား​သည်​နှင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ် သက်ရောက်​၏​။ သူ​သည် ပြင်းစွာ​အမျက်ထွက်​လျက်


ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင်


ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။


ငါ့​အလို​တော်​ကို​ဆောင်​၍ သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​အမျိုးအနွယ်​ကို စဉ်ဆက်မပြတ် တည်ရှိ​စေ​မည်​။ သူ​သည် ငါ​ဘိသိက်ပေး​ထား​သော​သူ​ရှေ့​တွင် အစဉ်​ဝင်ထွက်​သွားလာ​ရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ