ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
ဟေရှာယ 16:12 - မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သားတို့သည် မြင့်ရာအရပ်၌ ဖူးမြော်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံကြသော်လည်း၊ သူတို့၏ဗိမာန်သို့သွား၍ ဆုတောင်းကြသော်လည်း အောင်နိုင်မည်မဟုတ်။ Common Language Bible မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။ Garrad Bible မော ဘ သည် ကိုယ့် သန့် ရှင်း ရာ ဌာ န သို့ ဝင် ရောက် ပ ဌ နာ ပြု လျက်၊ မြင့် ရာ ဌာ န၌ ကြိုး ပန်း စွာ ဖူး မြော် သော် လည်း အ ကျိုး မဲ့ ဖြစ် လိမ့် မည်။ Judson Bible ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပတ္ထနာပြုအံ့သောငှာ မိမိသန့်ရှင်းရာဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။ |
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
ထိုအခါ မိမိအရိုက်အရာကိုဆက်ခံမည့်သားဦးအား ယူ၍ မြို့ရိုးပေါ်တွင် ယဇ်ပူဇော်လေ၏။ အစ္စရေးလူမျိုးတို့သည် အမျက်ဒဏ်ကြီးစွာခံရသဖြင့် တပ်ကိုဆုတ်ခွာပြီး မိမိတို့ပြည်သို့ ပြန်သွားကြလေ၏။
သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
ဤသည်ကား ထိုအချိန်အခါက မောဘပြည်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်မြွက်ခဲ့သောစကားတော်ဖြစ်၏။
အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ကိုရှာကြပါ၏။ ကိုယ်တော်သည် သူတို့ကိုဆုံးမပဲ့ပြင်တော်မူသောအခါ သူတို့သည် ဆုတောင်းပတ္ထနာပြုကြပါ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
သင့်ကိုပေးသောအကြံဉာဏ်များစွာတို့ကြောင့် သင်စိတ်ပင်ပန်းလှပြီ။ မိုးကောင်းကင်၊ ကြယ်နက္ခတ်တို့ကိုကြည့်ရှုပြီး နက္ခတ်ဗေဒပညာဖြင့် သင်၌ဖြစ်လာမည့်အရာကို လစဉ် ဟောကိန်းထုတ်သောသူများသည် ယခု သင့်ကို ထ၍ကယ်တင်ကြပါစေ။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “မောဘပြည်၌ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ယဇ်ပူဇော်သောသူ၊ မိမိတို့ဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောသူကို ငါဖယ်ရှားပစ်မည်။
အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။
သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။
ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။
ထို့နောက် ဗာလမ်သည် ဗာလက်မင်းကြီးနှင့်အတူလိုက်သွား၍ ကိရယဿုဇုတ်မြို့သို့ရောက်ကြ၏။
နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ထို့နောက် ဗာလက်မင်းကြီးသည် ဗာလမ်ကို ကန္တာရမြေကိုစီးမြင်ရသော ပေဂုရတောင်ထိပ်သို့ခေါ်သွား၏။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။