Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 23:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့နောက် သူ​သည် ဗာလမ်​ကို ပိသဂါ​တောင်​ထိပ်​ရှိ ဇောဖိမ်​ကွင်းပြင်​သို့ ခေါ်သွား​၍ ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​ပြီး ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပိ သ ဂါ တောင် တန်း ဦး၊ ဇော ဖိမ် ကွင်း ပြင် သို့ ပို့ ဆောင်၍ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို တည် ပြီး လျှင် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 23:14
11 ပူးပေါင်းရင်းမြစ်များ  

ရွှေ​ကို အိတ်​ထဲမှ​သွန်ချ​သော​သူ​၊ ငွေ​ကို ချိန်ခွင်​နှင့်​ချိန်​သော​သူ​တို့​သည် ပန်းထိမ်သမား​ကို​ငှားရမ်း​၍ ဘုရား​ရုပ်တု​ထုလုပ်​စေ​ပြီး ပျပ်ဝပ်​ကိုးကွယ်​ကြ​၏​။


ဂိလဒ်​ပြည်သား​တို့​သည် အပြစ်ဒုစရိုက်​ပြု​၍ အကျိုးနည်း​ကြ​ပြီ​။ ဂိလဂါလ​မြို့​၌ နွား​ကို ပူဇော်​ကြ​၏​။ သူ​တို့​၏​ယဇ်ပလ္လင်​တို့​သည်​လည်း လယ်​ထဲမှ ထွန်ကြောင်း​များ​ပေါ်ရှိ​မြေစာပုံ​များ​ကဲ့သို့ များ​၏​။


ဗာမုတ်​အရပ်​မှ ကန္တာရမြေ​ကို​စီးမြင်​ရ​သော​ပိသဂါ​တောင်​ထိပ်​အနီး​ရှိ မောဘ​ချိုင့်ဝှမ်း​လွင်ပြင်​သို့​လည်းကောင်း ခရီးပြု​ကြ​၏​။


ဗာလက်​မင်းကြီး​က​လည်း ဗာလမ်​အား “​အစ္စရေး​လူမျိုး​အားလုံး​ကို​မ​မြင်​ရ​သော်လည်း သူ​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို​သာ​မြင်​နိုင်​သည့် အခြား​တစ်နေရာ​သို့ ငါ​နှင့်အတူ​လိုက်​ခဲ့​ပါ​လော့​။ ငါ့​အတွက် သူ​တို့​ကို ထို​နေရာ​မှ ကျိန်ဆဲ​ပါ​လော့​”​ဟု ဆို​လေ​၏​။


ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၊ ဤ​နေရာ​၌ သင်​ရပ်​နေ​လော့​။ ငါ​သည် ထို​နေရာ​သို့​သွား​၍ ထာဝရဘုရား​နှင့်​တွေ့ဆုံ​မည်​”​ဟု ဆို​၏​။


ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ဤ​နေရာ​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့် သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။


သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​မ​ဟုတ်​သောကြောင့် ပိသဂါ​တောင်​ထိပ်​သို့ တက်သွား​ပြီး အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့ မျှော်ကြည့်​၍ ထို​ပြည်​ကို​ကြည့်​လော့​။


ထို့နောက် မောရှေ​သည် မောဘ​လွင်ပြင်​မှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင်​၊ နေဗော​တောင်​ဟု​ခေါ်​သော ပိသဂါ​တောင်​ထိပ်​ပေါ်သို့ တက်သွား​လေ​၏​။ ထာဝရဘုရား​သည် သူ့​အား ဂိလဒ်​ပြည်​မှ ဒန်​မြို့​တိုင်အောင်​လည်းကောင်း​၊


ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အရာဗ​လွင်ပြင်​တစ်ခုလုံး​မှစ၍ ပိသဂါ​တောင်ခြေ​ရှိ အရာဗ​ပင်လယ်​တိုင်အောင်​လည်းကောင်း သိမ်းပိုက်​ခဲ့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ