Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 1:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သူ​တို့​သည် ငါ့​ကို​ခေါ်​ကြ​လိမ့်မည်​။ သို့သော် ငါ​သည် ထူး​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ့​ကို​ကြိုးစား​၍​ရှာ​ကြ​လိမ့်မည်​။ သို့သော် ငါ့​ကို​တွေ့​ရ​ကြ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ၎င်း တို့ ခေါ် သော် လည်း၊ ငါ ထူး မည် မ ဟုတ်။ စိတ် ဇော နှင့် ရှာ ဖွေ သော် လည်း၊ ငါ့ ကို တွေ့ ရ ကြ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 1:28
26 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည်​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အော်ဟစ်ငိုကြွေး​သောအခါ ဘုရားသခင် နားညောင်း​တော်မူ​မည်လော​။


မာနထောင်လွှား​၍​ဆိုးညစ်​ကြ​သောကြောင့် သူ​တို့​အော်ဟစ်​သော်လည်း ကိုယ်တော်​နားညောင်း​တော်မူ​မည်​မ​ဟုတ်​။


သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။


ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။


ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။


ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။


ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။ ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။


အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​သော်လည်း ချစ်သူ​မှာ ထွက်သွား​နှင့်​လေ​ပြီ​။ သူ​စကားပြော​သောအခါ အကျွန်ုပ်​ရင်ခုန်​လွန်းလှ​ပါ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပါ​။ ခေါ်​သော်လည်း မ​ထူး​ပါ​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​ပြေး​၍​မ​လွတ်​နိုင်​သော​ဘေးအန္တရာယ်​ကို သူ​တို့​အပေါ် ငါ​ကျရောက်​စေ​မည်​။ ငါ့​ကို​ဟစ်အော်​သော်လည်း ငါ​နားထောင်​မည်​မ​ဟုတ်​။


သူ​တို့​အစာရှောင်​အော်ဟစ်​လျှင်လည်း ငါ​နားညောင်း​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်လည်း ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သူ​တို့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် သူ​တို့​ကို အမျက်ဒေါသ​ဖြင့် စီရင်​မည်​။ သနားညှာတာ​မည်​မ​ဟုတ်​။ ငါ့​ထံ သူ​တို့​အသံကုန်​အော်ဟစ်​တောင်းလျှောက်​လျှင်​လည်း ငါ​နားထောင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”


ထာဝရဘုရား​သည် သူ​တို့​ကို စွန့်ခွာ​တော်မူ​ပြီ​ဖြစ်၍ သိုးအုပ်​၊ နွားအုပ်​တို့​ဖြင့် ထာဝရဘုရား​ကို သွား​၍​ရှာဖွေ​ကြ​သော်လည်း သူ​တို့ တွေ့​ကြ​ရ​မည်​မ​ဟုတ်​။


လူ​တို့​သည် ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို ပင်လယ်​တစ်​ခု​မှ ပင်လယ်​တစ်​ခု​သို့​၊ မြောက်အရပ်​မှ အရှေ့​အရပ်​သို့ လှည့်လည်​သွားလာ​၍ ရှာဖွေ​သော်လည်း တွေ့​မည်​မ​ဟုတ်​။


ထို​သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ဆုတောင်း​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​မည်​မ​ဟုတ်​။ သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​သောကြောင့် ထို​ကာလ​တွင် ကိုယ်တော်​သည် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​မည်​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​ခေါ်​သောအခါ သူ​တို့​မ​ထူး​သကဲ့သို့ သူ​တို့​ခေါ်​သောအခါ​၌​လည်း ငါ​မ​ထူး’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ပြန်လာ​၍ ထာဝရဘုရား​ရှေ့မှောက်​၌ ငိုကြွေး​ကြ​သော်လည်း ထာဝရဘုရား​သည် သင်​တို့​၏​အသံ​ကို​နားညောင်း​တော်​မ​မူ​။ သင်​တို့​ကို ဂရုစိုက်​တော်​မ​မူ​။


တောင်းလျှောက်​သော်လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာမဂုဏ်​ခံစား​မှု​အတွက်​သုံးစွဲ​ရန် လွဲမှား​စွာ တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။


သင်​တို့​ရွေးချယ်​လိုက်​သော​ရှင်ဘုရင်​ကြောင့် ထို​နေ့​၌ သင်​တို့​အော်ဟစ်​ရ​လိမ့်မည်​။ သို့သော် ထို​နေ့​၌ ထာဝရဘုရား​သည် သင်​တို့​ကို လှည့်ကြည့်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ