ယေရမိ 48:46 - မြန်မာ့စံမီသမ္မာကျမ်း46 အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible46 မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible46 အို မော ဘ လူ မျိုး၊ သင် သည်၊ အ မင်္ဂ လာ ရှိ၏။ ခေ မု ရှ တ ပည့် သား တို့ ပျက် ပြား ကြ ပြီ။ ပြည် သား တို့ သည် သုံ့ ပန်း ခြင်း၊ ပြည် သူ တို့ လည်း သိမ်း သွား ခြင်း ကို ခံ ရ ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible46 အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကို သိမ်းသွင်းကြပြီ။ အခန်းကိုကြည့်ပါ။ |
ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။