ယေရမိ 48:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible7 ``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။ အခန်းကိုကြည့်ပါ။Garrad Bible7 ကိုယ့် အ လုပ် အ ဆောင်၊ ကိုယ့် အ စီး အ ပွား ၌ အား ထား သ ဖြင့်၊ သင် သည် သုံ့ ပန်း ခြင်း၊ ခေ မု ရှ ဘု ရား လည်း၊ ဆိုင် ရာ ပ ရော ဟိတ် နှင့် လူ ကြီး တို့ ပါ၊ တစ် ပြိုင် နက် သုံ့ ပန်း သိမ်း သွား ခြင်း ခံ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible7 သင်သည် မိမိဆည်းပူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတစ်ပါးလက်သို့ ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့နှင့် တကွ သိမ်းသွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ငါသည် အီဂျစ်နတ်ဘုရားကျောင်းများကို မီးရှို့မည်။ ဘေဘီလုံဘုရင်သည်လည်း ထိုနတ်ဘုရားကျောင်းတို့ကိုမီးရှို့၍ နတ်ဘုရားတို့ကို သိမ်းယူသွားလိမ့်မည်။ သိုးထိန်းသည် အဝတ်ဖြင့် မိမိကိုယ်ကို ပတ်စည်းသကဲ့သို့ ထိုဘုရင်သည်လည်း အီဂျစ်ပြည်ဖြင့် မိမိကိုယ်ကိုပတ်စည်းလိမ့်မည်။ ထိုပြည်မှ သာသာယာယာထွက်သွားလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။