၃ ရာ 18:29 - မြန်မာ့စံမီသမ္မာကျမ်း29 ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။ အခန်းကိုကြည့်ပါ။Common Language Bible29 သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။ အခန်းကိုကြည့်ပါ။Garrad Bible29 ညဉ့် ဦး ပူ ဇော် ချိန် တိုင် အောင် ရွတ် ဆို ကြ သော် လည်း မြွက် သံ ပြု သူ၊ အ ရေး ယူ သူ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible29 မွန်းလွဲ၍ ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။