ယေရမိ 48:35 - မြန်မာ့စံမီသမ္မာကျမ်း35 တစ်ဖန် ထာဝရဘုရားက “မောဘပြည်၌ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ယဇ်ပူဇော်သောသူ၊ မိမိတို့ဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောသူကို ငါဖယ်ရှားပစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible35 ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible35 ၎င်း ပြင်၊ မြင့် ရာ ဌာ န၌ တင် သ သူ၊ ကိုယ့် ဘု ရား အား မီး ဖြင့် ပူ ဇော် သူ တို့ ကို၊ မော ဘ ပြည် မှ ငါ ပြတ် စဲ စေ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible35 မောဘပြည်၌ မြင့်သောအရပ်ပေါ်မှာ ပူဇော်သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သောသူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။