ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
သြဗဒိ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။ Common Language Bible ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။ Garrad Bible သြ ဗ ဒိ မြော် မြင် ရာ ဗျာ ဒိတ် ရူ ပါ ရုံ ကို ပြန် ကြား ပေ အံ့။ လူ မျိုး ခြား တို့ အား ရာ ဇ သံ စေ လွှတ် တော် မူ သည့် အ လျောက် ထို လူ မျိုး ကို တိုက် ခိုက် ရန် ထ၍ ချီ ကြ ကုန် အံ့ ဟူ သော သ တင်း ကို ထာ ဝ ရ ဘု ရား ထံ တော် မှ ငါ တို့ ကြား ရ ကြ၏။ Judson Bible အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။ |
ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
စိရပြည်တောင်ပေါ်ဒေသ၌နေထိုင်သောဧဒုံလူမျိုး၏ဘိုးဘေးဖြစ်သည့် ဧသော၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း”ဟု စိရတောင်ပေါ်မှနေ၍ ငါ့ကိုဟစ်ခေါ်လေ၏။
ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။
သူ၏အကြီးအကဲတို့သည် ဇောနမြို့၌ရှိ၍ သူ၏သံတမန်တို့သည် ဟာနက်မြို့သို့ရောက်ကြပြီ။
ထိုအခါ ငါသည် ထာဝရဘုရား၏လက်တော်မှခွက်ကိုယူ၍ ငါ့ကို ထာဝရဘုရားစေလွှတ်တော်မူသောအရပ်ရှိ လူမျိုးအားလုံးကို သောက်စေ၏။
ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။
ယုဒလူမျိုးတို့ကို ညှဉ်းပန်းနှိပ်စက်၍ သူတို့၏ပြည်တွင် အပြစ်မဲ့သောသူတို့ကို သတ်ဖြတ်ကြသောကြောင့် အီဂျစ်ပြည်သည် လူသူကင်းမဲ့ရာဖြစ်လိမ့်မည်။ ဧဒုံပြည်သည် လူသူကင်းမဲ့သောတောကန္တာရဖြစ်လိမ့်မည်။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
သင်တို့သည် စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ ထိုအရာများသည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။