Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 51:46 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ထို​ပြည်​၌​ကြား​ရ​သော​သတင်း​များ​ကြောင့် သင်​တို့​မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ အခြေအမြစ်​မ​ရှိ​သော​သတင်းစကား​များ​ကို တစ်​နှစ်​ပြီး​တစ်​နှစ် ကြား​ရ​လိမ့်မည်​။ ပြည်​ထဲ၌ အကြမ်းဖက်မှု​ဖြစ်​နေ​ပြီ​။ အုပ်စိုးသူ​အချင်းချင်း တိုက်ခိုက်​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 မင်း တစ် ပါး နှင့် တစ် ပါး တိုက် ခိုက် ခြင်း၊ နေ ပြည် အ တွင်း အ ဓ္ဓ မ ပြု ခြင်း သ တင်း ကို၊ တစ် နှစ် နောက် တစ် နှစ် ကြား ရ သော် လည်း၊ စိတ် ပျက် ကြောက် ရွံ့ ခြင်း ကင်း လျက် နေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ထို​ပြည်၌​ကြား​ရ​သော သ​တင်း​ကြောင့် စိတ်​မ​ပျက်၊ ကြောက်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။ တစ်​နှစ်​ထက်​တစ်​နှစ် သ​တင်း​ကြား​ရ​လိမ့်​မည်။ မင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လု​ယူ၍ ညှဉ်း​ဆဲ​ခြင်း​အ​မှု ရှိ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 51:46
16 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။


အမ္မုန်​အမျိုးသား​နှင့် မောဘ​အမျိုးသား​တို့​သည် ထ​၍ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ဖျက်ဆီး​ကြ​၏​။ ထိုသို့ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ပြီးနောက် အချင်းချင်း​လည်း​တိုက်ခိုက်​ကြ​ပြန်​၏​။


ဘုရားသခင်​သည် ငါ့​ကို စိတ်​အားလျော့​စေ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် ငါ့​ကို ထိတ်လန့်​စေ​တော်မူ​ပြီ​။


သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင် သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။


“​ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို အချင်းချင်း​ဆန့်ကျင်​ရန် လှုံ့ဆော်​၍ သူ​တို့​သည် ညီအစ်ကို​အချင်းချင်း​၊ အိမ်နီးချင်း​အချင်းချင်း​၊ မြို့​အချင်းချင်း​၊ နိုင်ငံ​အချင်းချင်း ဆန့်ကျင်​ကြ​လိမ့်မည်​။


မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။


ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​လူမျိုး​၊ စိတ်​မ​ပျက်​နှင့်​။ ကြည့်ရှု​လော့​။ ဝေး​သော​ပြည်​မှ သင့်​ကို ငါ​ကယ်တင်​မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​မှ သင့်​သားစဉ်မြေးဆက်​ကို ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​။


အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


လူ​သုံး​ရာ​တို့ တံပိုး​မှုတ်​သောအခါ ထာဝရဘုရား​သည် တပ်စခန်း​တစ်လျှောက်လုံး​ရှိ စစ်သည်​အချင်းချင်း​ဓား​ဖြင့်​တိုက်ခိုက်​စေ​တော်မူ​၏​။ စစ်သည်​တို့​သည် ဇေရရတ်​အရပ်​၊ ဗက်ရှိတ္တ​မြို့​မှ တဗွတ်​မြို့​အနီး အာဗေလမဟောလ​မြို့​နား​တိုင်အောင် ထွက်ပြေး​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ