Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သြ​ဗ​ဒိ 1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဩဗဒိ​မြင်​ရ​သော​ဗျာဒိတ်နိမိတ်​ကား ဤသို့​တည်း​။ ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံသို့ သံတမန်​ကို စေလွှတ်​၍ “​ထ​ကြ​၊ ဧဒုံ​ပြည်​ကို သွားတိုက်​ကြ​စို့​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​တို့​ကြား​ရ​ပြီ​။


ဧဒုံပြည် အမှန်တကယ်စီရင်ခြင်းခံရမည်

2 “ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို လူမျိုးတကာ​တို့​အလယ်​တွင် သေးသိမ်​သော​သူ ဖြစ်စေ​မည်​။ သင်​သည် မထီမဲ့မြင်ပြု​ခြင်း​ကို အပြင်းအထန်​ခံရ​မည်​။

3 ကျောက်ဆောင်​များ​ကြား မြင့်မား​သော​နေရာ​၌​နေ​၍ ‘မည်သူ​သည် ငါ့​ကို မြေကြီး​ပေါ်​ဆွဲချ​နိုင်​မည်နည်း’​ဟု သင်​တွေး​၏​။ သင့်​မာန​က သင့်​ကို​လှည့်စား​လေ​ပြီ​။

4 သင်​သည် လင်းယုန်​ကဲ့သို့​အမြင့်​၌​နေ​၍ ကြယ်​များ​အလယ်​တွင် အသိုက်​ကို လုပ်​သော်လည်း ထို​နေရာ​မှ သင့်​ကို ငါ​ဆွဲချ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

5 “ညအချိန် သင့်​ကို သူခိုး​ဓားပြ​ဝင်တိုက်​လျှင် သင်​မည်မျှ​ဆုံးရှုံး​သွား​မည်နည်း​။ သူ​တို့​လိုချင်​သော​အရာ​ကို​သာ ယူသွား​ကြ​မည်​မ​ဟုတ်​လော​။ သင့်​ခြံ​၌ စပျစ်သီး​လာခူး​ကြ​လျှင် ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​ကြ​သည်​မ​ဟုတ်​လော​။

6 ယခုမူ ဧသော​သည် လုယက်​ခံရ​ပြီ​။ သူ​၏​အတွင်းဥစ္စာ​များ မွှေနှောက်​ခံရ​လေ​ပြီ​။

7 သင်​၏​မဟာမိတ်​အပေါင်း​တို့​သည် သင့်​ကို​နယ်စပ်​တိုင်အောင်​နှင်ထုတ်​လိမ့်မည်​။ သင်​နှင့်​ရင်းနှီးကျွမ်းဝင်​သူ​တို့​သည်​လည်း သင့်​ကို​လှည့်စား​အနိုင်ယူ​လိမ့်မည်​။ သင်​၏​မုန့်​ကို စား​သော​သူ​တို့​သည် သင့်​ကို ထောင်​ဖမ်း​လိမ့်မည်​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို သင်​နားလည်​နိုင်​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

8 “ထို​နေ့ရက်​တွင် ဧဒုံ​ပြည်​မှ ပညာရှိ​များ​၊ ဧသော​တောင်​မှ ထိုးထွင်းဉာဏ်​ရှိ​သူ​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။

9 အို တေမန်​မြို့​၊ သင်​၏​စစ်သူရဲ​တို့ စိတ်ပျက်အားလျော့​ကြ​သောကြောင့် ဧသော​တောင်​ရှိ​လူ​အားလုံး သတ်ဖြတ်​သုတ်သင်​ခြင်း​ခံရ​လိမ့်မည်​။


ယုဒအပေါ် ဧဒုံကျူးလွန်သောအပြစ်

10 သင့်​ညီ​ယာကုပ်​ကို ရက်စက်​ခဲ့​သော​အမှု​ကြောင့် သင်​သည် အရှက်​ကို ခြုံ​ရ​လိမ့်မည်​။ ထာဝရ​တိမ်မြုပ်​သွား​ရ​လိမ့်မည်​။

11 ယာကုပ်​၏​ဥစ္စာပစ္စည်း​များ​ကို သူစိမ်း​တို့ သိမ်းယူ​သွား​သော​နေ့​၊ တစ်ပါးအမျိုးသား​တို့ မြို့​တံခါး​များ​မှ ဝင်ရောက်​လာ​ပြီး ဂျေရုဆလင်​မြို့​ကို မဲ​ချ​သော​နေ့​တွင် သင်​သည်​ဘေး​မှ​ရပ်ကြည့်​နေ​၏​။ သင်​သည် ထို​သူ​တို့​နှင့်​အလိုတူ​အလိုပါ​ဖြစ်​၏​။

12 သင့်​ညီ ဘေးဆိုး​ကြုံ​ရ​သော​နေ့​တွင် သင်​ကြည့်​မ​နေ​သင့်​။ ယုဒ​အမျိုးသား​တို့ ဖျက်ဆီး​ခံရ​သော​နေ့​တွင် သင်​ဝမ်း​မ​မြောက်​သင့်​။ ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​တွင် သင်​လှောင်ပြောင်​မ​ပြောဆို​သင့်​။

13 ငါ့​လူမျိုး​တော် ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သင်​သည် သူ​၏​မြို့​တံခါး​ထဲသို့ မ​ဝင်​သင့်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သူ​တို့​ဘေး​ရောက်​သည်​ကို သင်​ကြည့်​မ​နေ​သင့်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို သင်​မ​သိမ်း​ယူ​သင့်​။

14 ထွက်ပြေး​လွတ်မြောက်​လာ​သူ​များ​ကို သုတ်သင်​ပစ်​ရန် လမ်းဆုံလမ်းခွ​၌ သင်​စောင့်​မ​နေ​သင့်​။ ဆင်းရဲဒုက္ခ​နေ့​တွင် အသက်ရှင်​ကျန်ရစ်​သူ​များ​ကို ရန်သူ့​လက်​သို့ သင်​မ​အပ်နှံ​သင့်​။


လူမျိုးတကာတို့ကို စီရင်မည်

15 အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။

16 ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်တွင် သင်​တို့​သောက်​ခဲ့​ရ​သကဲ့သို့ လူမျိုး​တကာ​တို့​သည်​လည်း အစဉ်မပြတ်​သောက်​ရ​လိမ့်မည်​။ သူ​တို့​သည် သောက်​၍​မျိုချ​ပြီး မ​ဖြစ်​စဖူး​အဖြစ်​မျိုး ကြုံ​ရ​လိမ့်မည်​။

17 သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။

18 ယာကုပ်​အမျိုးအနွယ်​သည် မီး​၊ ယောသပ်​အမျိုးအနွယ်​သည် မီးလျှံ​ဖြစ်​၏​။ ရိုးပြတ်​နှင့်တူသော ဧသော​အမျိုးအနွယ်​ကို သူ​တို့​သည် မီးညှိ​လိုက်​သဖြင့် ဧသော​အမျိုးအနွယ်​ကို​ဝါးမျို​လိမ့်မည်​။ ဧသော​အမျိုးအနွယ်​တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။


အစ္စရေးလူမျိုးအတွက် အနာဂတ်ကောင်းချီး

19 တောင်ပိုင်းသား​တို့​သည် ဧသော​တောင်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ မြေနိမ့်​သား​တို့​သည် ဖိလိတ္တိ​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ရှမာရိ​ပြည်​တို့​ကို​လည်း ပိုင်ဆိုင်​လိမ့်မည်​။ ဗင်္ယာမိန်​အမျိုး​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။

20 ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အစ္စရေး​လူမျိုး​အလုံးအရင်း​တို့​သည် ခါနာန်​ပြည်​ကို ဇရတ္တ​မြို့​တိုင်အောင် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ သေဖရဒ်​ပြည်​သို့​ရောက်ရှိ​သွား​သော ဂျေရုဆလင်​မြို့သား​တို့​သည် နေဂေ့​အရပ်​ရှိ​မြို့​များ​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။

21 ကယ်တင်​မည့်​သူ​တို့​သည် ဧသော​တောင်​ကို အုပ်စိုး​ရန် ဇိအုန်​တောင်​ပေါ်သို့​တက်လာ​လိမ့်မည်​။ ထို​နိုင်ငံ​သည် ထာဝရဘုရား​၏​နိုင်ငံ​တော် ဖြစ်​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ