သြဗဒိ 1:1 - Common Language Bible1 ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 သြ ဗ ဒိ မြော် မြင် ရာ ဗျာ ဒိတ် ရူ ပါ ရုံ ကို ပြန် ကြား ပေ အံ့။ လူ မျိုး ခြား တို့ အား ရာ ဇ သံ စေ လွှတ် တော် မူ သည့် အ လျောက် ထို လူ မျိုး ကို တိုက် ခိုက် ရန် ထ၍ ချီ ကြ ကုန် အံ့ ဟူ သော သ တင်း ကို ထာ ဝ ရ ဘု ရား ထံ တော် မှ ငါ တို့ ကြား ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible1 အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။ အခန်းကိုကြည့်ပါ။ |