“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါ သည် ယေ ရု ရှ လင် မြို့ ကို ခွေး အ တို့ အောင်း ရာ အ မှိုက် ပုံ၊ ယု ဒ ပြည် မြို့ ရွာ များ ကို နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် စေ မည် ဟူ သော။
ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေးနေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍ ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။ ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။
တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။
အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။
ထိုပြည်၏ခံတပ်များ၌ ဆူးပင်များပေါက်လိမ့်မည်။ ရဲတိုက်များ၌ ဖက်ယားပင်၊ ဆူးချုံရိုင်းများ ပေါက်လိမ့်မည်။ ထိုပြည်သည် ခွေးအတို့ကျက်စားရာ၊ ငှက်ကုလားအုတ်တို့နေထိုင်ရာ ဖြစ်လိမ့်မည်။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
ဤစကားအလုံးစုံကို ဤလူမျိုးအား သင်ပြောပြသောအခါ သူတို့က ‘ထာဝရဘုရားသည် ဤမျှလောက်ကြီးမားသောဘေးအန္တရာယ်ကို ငါတို့အား အဘယ်ကြောင့် ပေးတော်မူသနည်း။ ငါတို့၏အပြစ်ကား အဘယ်နည်း။ ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားသောအပြစ်ကား အဘယ်နည်း’ဟု မေးကြလိမ့်မည်။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများသည် ယနေ့ကဲ့သို့ပင် ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ ကျိန်ဆဲစရာဖြစ်စေရန် သူတို့ကို သောက်စေ၏။
“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို
‘ဤအိမ်တော်သည် ရှိလောအရပ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် နေထိုင်သောသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်’ဟု ထာဝရဘုရား၏နာမတော်ဖြင့် အဘယ်ကြောင့် ပရောဖက်ပြုဟောပြောရသနည်း”ဟု ဆိုပြီးလျှင် လူတို့သည် ထာဝရဘုရားအိမ်တော်၌ ယေရမိထံ ဝိုင်းအုံလာကြ၏။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ရန်သူတို့ကိုအမိန့်ပေး၍ ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် ဤမြို့ကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ကြလိမ့်မည်။ ငါသည် ယုဒမြို့ရွာတို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာအားလုံးအပေါ် ငါကျရောက်စေသည့် ဘေးအန္တရာယ်အလုံးစုံကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ ယခု ထိုမြို့ရွာတို့သည် ပြိုပျက်ရာဖြစ်၍ နေထိုင်သူပင် မရှိတော့ပေ။
ဟာဇော်မြို့သည် ခွေးအတို့ခိုအောင်းရာ၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်။ မည်သူမျှ ထိုမြို့၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
မြောက်အရပ်မှလူမျိုးတစ်မျိုးသည် ဘေဘီလုံမြို့ကို ချီတက်တိုက်ခိုက်လိမ့်မည်။ ထိုမြို့ကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မည်သူမျှ ထိုမြို့၌ နေထိုင်ကြတော့မည်မဟုတ်။ လူမှစ၍ တိရစ္ဆာန်တိုင်အောင် ထွက်ပြေးသွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံပြည်သည် နေထိုင်သူမရှိဘဲ အပျက်အစီးပုံကြီး၊ ခွေးအတို့ခိုအောင်းရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ ဖြစ်မည်။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
ငါတို့သည် ကြောက်မက်ဖွယ်ဘေးနှင့် ကြုံရပြီ။ မြေတွင်းထဲသို့ ကျလေပြီ။ အထီးကျန်ခြင်း၊ ပျက်စီးခြင်းသို့ရောက်ပါပြီ။
ငါကိုယ်တိုင် သင်တို့၏ပြည်ကို လူသူကင်းမဲ့စေသဖြင့် ထိုပြည်၌နေထိုင်သော သင်တို့၏ရန်သူတို့သည်လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။
“ထို့ကြောင့် ငါသည် ရှမာရိမြို့ကို ကွင်းပြင်တွင် အပြိုအပျက်ပုံ ဖြစ်စေမည်။ စပျစ်ခြံစိုက်ပျိုးရာနေရာ ဖြစ်စေမည်။ ထိုမြို့ရှိကျောက်တုံးများကို ချိုင့်ဝှမ်းထဲသို့ သွန်ချမည်။ အုတ်မြစ်များကိုလည်း လှန်ပစ်မည်။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။