မြည်တမ်းစကား 2:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible2 ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 အ ရှင် ဘု ရား သည်၊ ညှာ တာ တော် မ မူ ဘဲ၊ ယာ ကုပ် လူ မျိုး၏ စား ကျက် ရှိ သ မျှ ကို ဖျက် ဆီး လျက်၊ သ တို့ သ မီး ယု ဒ၏ ခံ တပ် များ ကို၊ အ မျက် တော် ဖြင့် ဖြို လှဲ ပစ် ချ လျက်၊ တိုင်း နိုင် ငံ ကို၊ မှူး မတ် တို့ ပါ၊ ရှုတ် ချ တော် မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်အမျိုး၏နေရာအရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက်တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင်အောင် ဖြိုဖျက်၍၊ နိုင်ငံတော်နှင့် မင်းသားတို့ကို ရှုတ်ချတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။