ယေရမိ 1:15 - မြန်မာ့စံမီသမ္မာကျမ်း
15 အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း မြောက် ပိုင်း နိုင် ငံ များ ရှိ လူ အ မျိုး မျိုး ကို ငါ ခေါ် သည့် အ လျောက် ရောက် လာ ကြ ရာ၊ အ သီး အ သီး တို့ သည် ယေ ရု ရှ လင် မြို့ တံ ခါး ဝ မှ စ၍၊ မြို့ ရိုး ပတ် လည် တစ် လျှောက် နှင့် ယု ဒ ပြည် ရှိ မြို့ တိုင်း အ နီး၌၊ တ ရား ပ လ္လင် များ ကို တည် ရ ကြ သ ဖြင့်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
15 အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ