ယေရမိ 9:12 - မြန်မာ့စံမီသမ္မာကျမ်း
12 ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
12 ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
12 ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ နား လည်၍၊ ဖော် ပြ နိုင် ရန် ပ ညာ ရှိ သူ ကား၊ မည် သူ နည်း။ နေ ပြည် သည် ဖြတ် သန်း သူ ကင်း သော သဲ တော ကဲ့ သို့၊ အ ဘယ့် ကြောင့် ကျွမ်း လောင် ပျက် စီး ရ သ နည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
12 ဤအမှုကို နားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ လျှောက်၍မသွားနိုင်အောင်၊ တစ်ပြည်လုံးသည် တောကဲ့သို့မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ