ဟေရှာယ 44:26 - မြန်မာ့စံမီသမ္မာကျမ်း
26 ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
26 သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
26 ကျွန် တော် ရင်း စ ကား ကို အ တည် ပြု၍၊ တ မန် တော် တို့ ဆင့် ဆို ချက် ကို ပြည့် စုံ စေ တော် မူ ထ သော၊ ယေ ရု ရှ လင် မြို့ အား ရည် လျက်၊ ထပ် မံ စည် ပင် လိမ့် မည် ဟူ၍ လည်း ကောင်း၊ ယု ဒ မြို့ ရွာ များ အား ရည် လျက်၊ ထပ် မံ တည် ဆောက် မည်၊ မြို့ ဆိုး ကုန်း များ ကို ပင် ပြု ပြင် ဦး မည် ဟူ၍ လည်း ကောင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
26 ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍လည်းကောင်းဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ