ယေရမိ 26:9 - မြန်မာ့စံမီသမ္မာကျမ်း9 ‘ဤအိမ်တော်သည် ရှိလောအရပ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် နေထိုင်သောသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်’ဟု ထာဝရဘုရား၏နာမတော်ဖြင့် အဘယ်ကြောင့် ပရောဖက်ပြုဟောပြောရသနည်း”ဟု ဆိုပြီးလျှင် လူတို့သည် ထာဝရဘုရားအိမ်တော်၌ ယေရမိထံ ဝိုင်းအုံလာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ဤ ဗိ မာန် တော် သည် ရှိ လော မြို့ ကဲ့ သို့ ဖြစ် လျက်၊ မြို့ တော် လည်း နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် မည် ဟူ ၍ ထာ ဝ ရ ဘု ရား၏ နာ မ တော် နှင့် အ ဘယ့် ကြောင့် ဟော ပြော သ နည်း ဟု ကြိမ်း မောင်း ပြီး လျှင်၊ လူ ပ ရိ သတ် သည် ဗိ မာန် တော် တွင်၊ ယေ ရ မိ ကို ဝိုင်း လာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟု ပြောဆိုလျက်၊ လူများအပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတစ်ဖက်၌ စုဝေးကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။