Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ပွဲတော်​သို့​လာ​သော​သူ​မ​ရှိ​တော့​ပြီ​ဖြစ်၍ ဇိအုန်​မြို့​လမ်း​တို့ ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။ မြို့​တံခါး​အားလုံး ဆိတ်ညံ​လေ​ပြီ​။ ယဇ်ပုရောဟိတ်​တို့​လည်း ညည်းတွား​ကြ​လေ​ပြီ​။ အပျိုကညာ​တို့​လည်း ဝမ်းနည်းကြေကွဲ​လျက် ခါးသီး​စွာ​ခံစား​နေ​ကြ​ရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ပြု မြဲ ပွဲ သို့ လာ ရောက် သူ မ ရှိ သည့် အ တွက်၊ ဇိ အုန် မြို့ လမ်း များ သည် ခြောက် လျက်၊ တံ ခါး များ သည် ခေါင် လျက်၊ ပ ရော ဟိတ် တို့ သည် ညည်း တွား လျက်၊ အ ပျို တို့ သည် လွမ်း ဆွတ် လျက်၊ မြို့ တော် သည် နစ် နာ လျက် နေ ရှာ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:4
19 ပူးပေါင်းရင်းမြစ်များ  

ဇိအုန်​မြို့​တံခါး​တို့​သည် ညည်းတွား​၍ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဇိအုန်​မြို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ မြေကြီး​ပေါ်​ထိုင်​ရ​လိမ့်မည်​။


သတင်း​တစ်​ခု​ရောက်လာ​၏​။ ကြည့်ရှု​လော့​။ တုန်ဟည်းသံ​ကြီး​သည် မြောက်​အရပ်​မှ​လာ​၍ ယုဒ​မြို့ရွာ​များ​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​မည်​။


ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။


“ငါ​သည် ဂျေရုဆလင်​မြို့​ကို ကျောက်ပုံ​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ ဖြစ်စေ​မည်​။ ယုဒ​မြို့​များ​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​။”


အကျွန်ုပ်​ညည်းတွား​သံ​ကို ကြား​သော်လည်း အကျွန်ုပ်​ကို နှစ်သိမ့်ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ကြောင်း​ကို အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့ ကြား​ကြ​ပါ​ပြီ​။ ကိုယ်တော် ဤသို့​ပြု​တော်မူ​သည်​ကို သူ​တို့ နှစ်သက်အားရ​ကြ​ပါ​၏​။ ကိုယ်တော်​မိန့်ဆို​ထား​သော​နေ့ရက် ရောက်လာ​ပါစေ​။ သူ​တို့​သည် အကျွန်ုပ်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။


လူပျို​တို့​သည် ကြိတ်ဆုံကျောက်​ကို ထမ်း​ရ​ကြ​ပြီ​။ သူငယ်​တို့​သည် ထင်းပုံကြီး​ကို မနိုင်မနင်း​ထမ်း​ရ​ကြ​ပြီ​။


မြို့​တံခါး​တို့​၌ သက်ကြီးဝါကြီး​တို့ မ​ရှိ​ကြ​တော့​ပြီ​။ လူပျို​တို့​၏​တီးမှုတ်သံ​လည်း ဆိတ်သုဉ်း​သွား​ပြီ​။


သူ​သည် ဗာလ​ဘုရား​ပွဲ​နေ့​များ​၌ နံ့သာပေါင်း​ကို​မီးရှို့​၍ နှာကွင်း​နှင့် လက်ဝတ်ရတနာ​ကို​ဆင်မြန်း​လျက် ချစ်သူ​များ​နောက်သို့​လိုက်​ပြီး ငါ့​ကို​မေ့လျော့​သည့်​အတွက် သူ့​အား ငါ​ဒဏ်ခတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ​သည် သင်​တို့​ထဲသို့ တောရိုင်းတိရစ္ဆာန်​ကို ဝင်ရောက်​စေ​သဖြင့် ထို​တိရစ္ဆာန်​သည် သင်​တို့​၏​သားသမီး​ကို ကိုက်သတ်​၍ သင်​တို့​၏​တိရစ္ဆာန်​ကို ဖျက်ဆီး​လိမ့်မည်​။ သင်​တို့​ကို လျော့နည်း​စေ​၍ သင်​တို့​၏​လမ်း​များ​သည် လူသူကင်းမဲ့​လိမ့်မည်​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ