ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
ယေရမိ 7:25 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်မှ သင်တို့၏ဘိုးဘေးများထွက်လာသည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် ငါ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ခဲ့၏။ Common Language Bible အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။- Garrad Bible အိ ဂျစ် ပြည် မှ သင် တို့ ဘိုး ဘေး များ ထွက် လာ သည် က စ၍ ယ ခု တိုင် အောင် ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို နေ့ စဉ် မ ပြတ်၊ ဝိရိ ယ စိုက်၍ ငါ စေ လွှတ် သော် လည်း၊ Judson Bible သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည်နေ့တိုင်းစောစောထ၍၊ ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊ |
ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့် ကိန်းဝပ်တော်မူရာအရပ်ကို ညှာတာထောက်ထားလျက် သူတို့ထံသို့ တမန်များကို အကြိမ်ကြိမ်စေလွှတ်တော်မူခဲ့၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
ငါ၏စပျစ်ခြံအတွက် မည်သည့်အရာကို ထပ်လုပ်ပေးရမည်နည်း။ ငါမလုပ်ပေးခဲ့သည့်အရာ ရှိသေးသလော။ ကောင်းသောစပျစ်သီး သီးလာရန် ငါစောင့်မျှော်ခဲ့သော်လည်း အဘယ်ကြောင့် စပျစ်သီးအရိုင်းများ သီးရသနည်း။
အကြောင်းမူကား ငါသည် သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့စကားကိုနားထောင်ကြလော့ဟု သူတို့အား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း
“အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။
ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။
အကြောင်းမူကား ငါ၏အစေအပါးပရောဖက်တို့ကို သူတို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သူတို့နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့သည်လည်း ငါ့စကားကို နားမထောင်ကြဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
သင်တို့သည် ထိုအမှုအလုံးစုံတို့ကို ပြုကြသောကြောင့် သင်တို့ကို ငါအကြိမ်ကြိမ်သတိပေး၏။ သို့သော် သင်တို့နားမထောင်ကြ။ ငါခေါ်သော်လည်း သင်တို့မထူးကြ။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
ပရောဖက်တို့ကို ငါမိန့်မှာခဲ့ပြီ။ ဗျာဒိတ်နိမိတ်ကို အမျိုးမျိုးဖွင့်ပြပေးခဲ့ပြီ။ ပရောဖက်များအားဖြင့် ပုံပမာကို ပြခဲ့ပြီ။”
ထို့ပြင် သင်တို့၏သားအချို့ကို ပရောဖက်အဖြစ်၊ လူငယ်အချို့ကို နာဇရိလူအဖြစ် ငါခန့်ထားခဲ့၏။ အို အစ္စရေးအမျိုးသားတို့၊ ထိုသို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။
သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။