Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 24:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထာဝရဘုရား​ထံ ပြန်လှည့်​လာ​ကြ​ရန် ပရောဖက်​များ​ကို သူ​တို့​ထံ စေလွှတ်​တော်မူ​၏​။ ပရောဖက်​တို့​သည် သူ​တို့​ကို​သတိပေး​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဆုံး မ သ တိ ပေး ၍ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ကြ စေ ရန်၊ ပ ရော ဖက် တို့ ကို စေ လွှတ် တော် မူ သော် လည်း၊ ထို သူ တို့ မ လိုက် မ နာ ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 24:19
23 ပူးပေါင်းရင်းမြစ်များ  

သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။


သို့သော် သူ​တို့​သည် နာခံမှု​မ​ရှိ​။ ကိုယ်တော်​ကို​ပုန်ကန်​ကြ​၏​။ ပညတ်တရား​ကို ကျောခိုင်း​ကြ​၏​။ ကိုယ်တော့်​ထံသို့​ပြန်လာ​ရန် သူ​တို့​ကို​သတိပေး​သော ကိုယ်တော်​၏​ပရောဖက်​များ​ကို​သတ်ဖြတ်​ကြ​၏​။ လွန်စွာ​ပြစ်မှားစော်ကား​ကြ​၏​။


ကိုယ်တော်​သည် သူ​တို့​အား​နှစ်​ပေါင်း​များစွာ​သည်းခံ​တော်မူ​၍ ကိုယ်တော်​၏​ဝိညာဉ်​တော်​ခံရ​သော ပရောဖက်​များ​အားဖြင့် သူ​တို့​ကို သတိပေး​သော်လည်း ဂရု​မ​စိုက်​ကြ​သောကြောင့် သူ​တို့​ကို ဤ​ပြည်​ရှိ လူမျိုးခြား​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။


ငါ့​စကား​ကို စူးစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။ ငါ​မိန့်မြွက်​သော​စကား​ကို အာရုံစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။


သင်​တို့​တွင် မည်သူ​သည် ဤ​အကြောင်းအရာ​ကို စူးစိုက်​နားထောင်​မည်နည်း​။ နောင်ကာလ​တွင် မည်သူ​သည် အာရုံစိုက်​နားထောင်​၍ ကြား​လိမ့်​မည်နည်း​။


ငါ​၏​လူ​တို့​၊ ငါ့​စကား​ကို​အာရုံစိုက်​နားထောင်​ကြ​လော့​။ ငါ​၏​လူမျိုး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ပညတ်တရား​သည် ငါ့​ထံ​မှ​ထွက်ပေါ်​လာ​မည်​။ ငါ​၏​တရားမျှတမှု​ကို လူ​တို့​အတွက်​အလင်း​ဖြစ်​စေ​မည်​။


ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။


“​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။


‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဤသို့ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​သောကြောင့်


သင်​တို့​ရှိ​ရာ​သို့ ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို ငါ​အကြိမ်ကြိမ်​စေလွှတ်​၍ ဆင့်ဆို​စေ​သော်လည်း သူ​တို့​၏​စကား​ကို သင်​တို့​နား​မ​ထောင်​လျှင်


သင်​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ ရှေး​ပရောဖက်​တို့​က သူ​တို့​အား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​မကောင်း​သော​အပြုအမူ​၊ မကောင်း​သော​အကျင့်အကြံ​တို့​ကို စွန့်ပစ်​ပြီး ပြန်လှည့်လာ​ကြ​လော့​ဟု မိန့်​တော်မူ​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​၊ အာရုံ​မ​စိုက်​ကြ’​ဟု မိန့်​တော်မူ​၏​။


နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


သို့သော် အာဗြဟံ​က ‘သူ​တို့​သည် မောရှေ​နှင့်​ပရောဖက်​တို့​၏​စကား​ကို​နား​မ​ထောင်​လျှင် တစ်စုံတစ်ယောက်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လျှင်​လည်း သူ​တို့​ယုံကြည်​ကြ​လိမ့်မည်​မ​ဟုတ်’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ