Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 7:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​တို့​သည် ထို​အမှု​အလုံးစုံ​တို့​ကို ပြု​ကြ​သောကြောင့် သင်​တို့​ကို ငါ​အကြိမ်ကြိမ်​သတိပေး​၏​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​ခေါ်​သော်လည်း သင်​တို့​မ​ထူး​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ယ ခု မှာ မူ၊ ငါ ဝိ ရိ ယ စိုက်၍ တိုက် တွန်း သော် လည်း၊ သင် တို့ မ နာ ခံ၊ ခေါ် သော် လည်း၊ သင် တို့ မ ထူး ဘဲ နေ သည့် ပြင်၊ ထို အ မှု အ ရေး ရှိ သ မျှ ကို ပြု လုပ် ကြ သည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယ​ခု​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်၊ ငါ​ခေါ်၍ သင်​တို့​သည် မ​ထူး​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 7:13
27 ပူးပေါင်းရင်းမြစ်များ  

သို့သော် ငါ​ခေါ်​သောအခါ သင်​တို့​သည် ငြင်းပယ်​ကြ​၏​။ ငါ့​လက်​ကို​ဆန့်တန်း​သောအခါ မည်သူမျှ အလေး​မ​ထား​ကြ​။


ငါ​လာ​သောအခါ အဘယ်ကြောင့် လူ​တစ်ယောက်​မျှ​မ​ရှိ​သနည်း​။ ငါ​ခေါ်​သောအခါ အဘယ်ကြောင့် ထူး​သော​သူ​မ​ရှိ​သနည်း​။ ငါ့​လက်​သည် မ​ရွေးနုတ်​နိုင်​လောက်အောင် တိုလွန်း​သလော​။ ငါ​၌ ကယ်တင်​နိုင်​သော​တန်ခိုး​မ​ရှိ​သလော​။ ငါ​ဆုံးမ​သဖြင့် ပင်လယ်​သည် ခန်းခြောက်​၏​။ ငါ​သည် မြစ်​တို့​ကို တောကန္တာရ​ဖြစ်စေ​၍ ငါး​တို့​သည် ရေ​မ​ရှိ​သောကြောင့် အပုပ်နံ့ထွက်​ကြ​၏​။ ရေငတ်​၍​သေ​ကြ​၏​။


ဓားဘေး​ကို ငါ​စီမံ​ထား​ပြီ​။ သင်​တို့​အားလုံး​သည် သတ်ဖြတ်သူ​ရှေ့​၌ လည်စင်း​ပေး​ရ​လိမ့်မည်​။ အကြောင်းမူကား ငါ​ခေါ်​သောအခါ သင်​တို့​မ​ထူး​။ ငါ​မိန့်​သောအခါ သင်​တို့​နား​မ​ထောင်​။ ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​ကို သင်​တို့​ရွေးချယ်​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။


အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ့​စကား​ကို​နားထောင်​ကြ​လော့​ဟု သူ​တို့​အား အကြိမ်ကြိမ်​သတိပေး​ခဲ့​သော်လည်း


သူ​တို့ နား​မ​ထောင်​ကြ​၊ အလေး​မ​ထား​ကြ​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်​သို့ အသီးသီး​လိုက်သွား​ကြ​၏​။ ငါ​မိန့်မှာ​ခဲ့​သော​ပဋိညာဉ်​ကို မ​လိုက်နာ​၊ မ​ပြုကျင့်​ကြ​သောကြောင့် ဤ​ပဋိညာဉ်​ပါ​ကျိန်​ခြင်း​ရှိသမျှ​တို့​ကို သူ​တို့​အပေါ်​ကျရောက်​စေ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ငါ့​စကား​ကို နားမထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့​လိုက်​၍ အခြား​သော​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​သော ဤ​လူမျိုး​တို့​သည် သုံး​မ​ရ​သော​ခါးပတ်​ကဲ့သို့ ဖြစ်​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က “လူ​သည် ခါး​၌​ခါးပတ်​ကို စည်းထား​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​အပေါင်း​တို့​ကို ငါ့​လူမျိုး​တော်​၊ ငါ့​နာမ​တော်​၊ ငါ့​ဘုန်း​တော်​၊ ငါ့​ဂုဏ်တော်​အဖြစ် ငါ့​ခါး​၌​စည်းထား​သော်လည်း သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ”​ဟု မိန့်​တော်မူ​၏​။


“​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။


သင်​တို့​ရှိ​ရာ​သို့ ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို ငါ​အကြိမ်ကြိမ်​စေလွှတ်​၍ ဆင့်ဆို​စေ​သော်လည်း သူ​တို့​၏​စကား​ကို သင်​တို့​နား​မ​ထောင်​လျှင်


အကြောင်းမူကား ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို သူ​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သူ​တို့​နား​မ​ထောင်​ကြ​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​သည်​လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​တို့​ကို အကြိမ်ကြိမ်​ဆုံးမ​သွန်သင်​သော်လည်း သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို မ​နာခံ​ဘဲ ငါ့​ကို​မျက်နှာလွှဲ​၍ ကျောခိုင်း​သွား​ကြ​ပြီ​။


ရေခပ်​၏​သား​ယောနဒပ်​က မိမိ​အမျိုးသား​တို့​အား စပျစ်ဝိုင်​မ​သောက်​ရ​ဟု မှာကြား​ခဲ့​သည့်​ပညတ်​ကို သူ​တို့​စောင့်ထိန်း​ကြ​၏​။ ရေခပ်​အမျိုးသား​တို့​သည် သူ​တို့​ဘိုးဘေး​၏​စကား​ကို နားထောင်​လျက် ယနေ့​ထိတိုင် စပျစ်ဝိုင်​မ​သောက်​ဘဲ​နေ​ကြ​၏​။ သင်​တို့​မူကား ငါ​အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း ငါ့​စကား​ကို​နား​မ​ထောင်​ကြ​။


ငါ့​အစေအပါး​ပရောဖက်​တို့​ကို သင်​တို့​ထံ အကြိမ်ကြိမ်​စေလွှတ်​၍ သင်​တို့​နှင့် သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည့်​အကြောင်း သင်​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကြ​။ သင်​တို့​၏​အကျင့်စရိုက်​များ​ကို ပြုပြင်​ကြ​။ အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​နှင့်​၊ ဝတ်​မ​ပြု​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​သော်လည်း သင်​တို့​ဂရု​မ​စိုက်​၊ နား​မ​ထောင်​ကြ​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​သည် ငါ​မိန့်ဆို​သော်လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ငါ​ခေါ်​သော်လည်း သူ​တို့​မ​ထူး​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


သင်​တို့​သည် နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​ဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​။ ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သွန်သင်ချက်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ထို့ကြောင့် ယခု​ကဲ့သို့ ဤ​ဘေးအန္တရာယ်​သည် သင်​တို့​အပေါ် ကျရောက်​လေ​ပြီ​”​ဟု ဆို​၏​။


ငါ့​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​၍ ငါ​မုန်း​သော ဤ​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို မ​ပြု​ကြ​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​၏​။


‘​မျက်စိ​ရှိ​သော်လည်း မ​မြင်​၊ နား​ရှိ​သော်လည်း မ​ကြား​၊ မိုက်မဲ​၍ အသိဉာဏ်​မ​ရှိ​သော​လူ​တို့​၊ ယခု ဤ​စကား​ကို​နားထောင်​ကြ​လော့​။


သူ​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​ကြ​မည့်​အကြောင်း မည်သူ့​ကို​ပြော​ရ​မည်နည်း​၊ မည်သူ့​ကို​သတိပေး​ရ​မည်နည်း​။ သူ​တို့​၏​နား​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​နား​ဖြစ်၍ နား​မ​ထောင်​နိုင်​ကြ​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို မ​နှစ်သက်​၊ ပြက်ရယ်ပြု​ကြ​၏​။


အီဂျစ်​ပြည်​မှ သင်​တို့​၏​ဘိုးဘေး​များ​ထွက်လာ​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် ငါ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ခဲ့​၏​။


သူ​တို့​သည် ခေါ်​လေလေ ထွက်ပြေး​လေလေ ဖြစ်​၏​။ ဗာလ​ဘုရား​ကို ယဇ်ပူဇော်​ကြ​၏​။ ရုပ်တု​များ​အား နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ကြ​၏​။


ငါ့​လူမျိုး​တော်​သည် ငါ့​ထံမှ​လမ်းလွဲဖောက်ပြန်​လို​စိတ်​အားကြီး​ကြ​ပြီ​။ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ကို​ခေါ်​သော်လည်း သူ​တို့​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို မ​ချီးမြှောက်​ကြ​။


သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို စွန့်ပစ်​တော်မူ​မည်​။ သူ​တို့​သည် လူမျိုးခြား​တို့​တွင် လှည့်လည်​သွားလာ​ရ​လိမ့်မည်​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​ခေါ်​သောအခါ သူ​တို့​မ​ထူး​သကဲ့သို့ သူ​တို့​ခေါ်​သောအခါ​၌​လည်း ငါ​မ​ထူး’​ဟု မိန့်​တော်မူ​၏​။


အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ