Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယေ​ဇ​ကျေ​လ 2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ပုန်ကန်တတ်သောအစ္စရေးလူမျိုးထံ စေလွှတ်တော်မူခြင်း

1 ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မတ်တတ်ရပ်​လော့​။ သင့်​ကို ငါ​စကားပြော​မည်​”​ဟု ဆို​၏​။

2 ထိုသို့​မိန့်​တော်မူ​စဉ် ဝိညာဉ်​တော်​သည် ငါ့​အထဲ​သို့​ဝင်ရောက်​ပြီး ငါ့​ကို မတ်တတ်ရပ်​စေ​သောအခါ ငါ​နှင့်​စကားပြော​သော​သူ​၏​အသံ​ကို ငါ​ကြား​ရ​၏​။

3 “​အချင်း​လူသား​၊ သင့်​ကို အစ္စရေး​အမျိုးသား​တို့​ထံ​၊ ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​နေ​သော ပုန်ကန်​တတ်​သော​လူမျိုး​တို့​ထံ စေလွှတ်​မည်​။ သူ​တို့​နှင့် သူ​တို့​ဘိုးဘေး​တို့​သည် ယနေ့​တိုင်အောင် ငါ့​ကို​ပုန်ကန်​လျက်​ရှိ​၏​။

4 သူ​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ​ဖြစ်​ကြ​၏​။ ထို့ကြောင့် သူ​တို့​ထံသို့ သင့်​ကို​စေလွှတ်​၍ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​စေ​ခြင်း​ဖြစ်​၏​။

5 သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ရ​လိမ့်မည်​။

6 အချင်း​လူသား​၊ သင့်​ကို ဆူးပင်​များ​၊ ဆူးချုံ​များ ဝိုင်းရံ​နေ​ပါစေ​၊ ကင်းမြီးကောက်​တို့​နှင့်​နေ​ရ​ပါစေ​၊ သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​စကား​ကို​လည်း မ​ကြောက်​နှင့်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​ဖြစ်​သောကြောင့် သူ​တို့​စကား​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာထား​ကြောင့် မ​ထိတ်လန့်​နှင့်​။

7 သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ငါ့​စကား​ကို သူ​တို့​အား ပြောပြ​ရ​မည်​။

8 အချင်း​လူသား​၊ ငါ့​စကား​ကို နားထောင်​လော့​။ ပုန်ကန်​တတ်​သော​အမျိုး​ကဲ့သို့ မ​ပုန်ကန်​နှင့်​။ သင့်​နှုတ်​ကို​ဖွင့်​ပြီး ငါ​ပေး​သော​အရာ​ကို စား​လော့​”​ဟု မိန့်ဆို​၏​။

9 ငါ​ကြည့်​လိုက်​သောအခါ စာလိပ်​ကိုင်​ထား​သော​လက်​တစ်ဖက်​သည် ငါ့​ဆီသို့​ဆန့်တန်း​လာ​ပြီး

10 ငါ့​ရှေ့​တွင် ထို​စာလိပ်​ကို ဖြန့်ပြ​သောအခါ စာလိပ်​နှစ်ဖက်စလုံး​တွင် ငိုကြွေး​မြည်တမ်း​ခြင်း​အကြောင်း​များ​၊ အမင်္ဂလာ​အကြောင်း​များ ရေးသား​ထား​သည်​ကို ငါ​တွေ့​ရ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ