ယေရမိ 44:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ငါ မုန်း ထား သော ဤ ရွံ ရှာ ဖွယ် အ မှု ကို မ ပြု ကြ လင့် ဟု ဆင့် ဆို ရန်၊ ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို၊ ဝိ ရိ ယ စိုက်၍ ငါ စေ လွှတ် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible4 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဖွယ်သောအမှုကို မပြုပါနှင့်ဟုပြောသော်လည်း၊ အခန်းကိုကြည့်ပါ။ |
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။