ယေရမိ 7:26 - မြန်မာ့စံမီသမ္မာကျမ်း26 သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible26 နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ စိတ် ခဲ ယဉ်း သော ယ ခု လူ မျိုး သည်၊ ဘိုး ဘေး တို့ ထက် ဆိုး သွမ်း ၏။ အခန်းကိုကြည့်ပါ။Judson Bible26 သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက် သာ၍ဆိုးသွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။