ယေရမိ 7:24 - မြန်မာ့စံမီသမ္မာကျမ်း24 သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ထို သူ တို့ ကား၊ နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ ကိုယ့် အ ကြံ အ စည်၊ ခက် မာ ဆိုး သွမ်း သော သ ဘော အ တိုင်း၊ ရှေ့ သို့ မ တိုး၊ နောက် ဆုတ် သွား ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံး ခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”