ယေရမိ 25:3 - မြန်မာ့စံမီသမ္မာကျမ်း3 “အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible3 ``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။- အခန်းကိုကြည့်ပါ။Garrad Bible3 အာ မုန် မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှိ မင်း နန်း စံ တစ် ဆယ့် သုံး နှစ် မှ စ ၍ ယ ခု တိုင် အောင်၊ နှစ် ပေါင်း နှစ် ဆယ့် သုံး နှစ် ပတ် လုံး၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း၊ ဝိ ရိ ယ စိုက် ၍ ငါ ဆင့် ဆို ဟော ပြော သော် လည်း၊ သင် တို့ မ နာ ခံ ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible3 ယုဒရှင်ဘုရင် အာမုန်သား ယောရှိ နန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲနေကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။