ယေရမိ 25:3 - Common Language Bible3 ``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။- အခန်းကိုကြည့်ပါ။Garrad Bible3 အာ မုန် မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှိ မင်း နန်း စံ တစ် ဆယ့် သုံး နှစ် မှ စ ၍ ယ ခု တိုင် အောင်၊ နှစ် ပေါင်း နှစ် ဆယ့် သုံး နှစ် ပတ် လုံး၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း၊ ဝိ ရိ ယ စိုက် ၍ ငါ ဆင့် ဆို ဟော ပြော သော် လည်း၊ သင် တို့ မ နာ ခံ ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible3 ယုဒရှင်ဘုရင် အာမုန်သား ယောရှိ နန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲနေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 “အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။
ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။-
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-